Tuesday, May 6, 2014

ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ ပန်းချီဆရာနှင့်အမြင် (၁)


ရာပြည့်စာအုပ်တိုက်-တနင်္ဂနွေနေ့ ( 14-5-2014 )
ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင်ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ `ပန်းချီဆရာနှင့်အမြင် ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုတွင်တင်ပြဆွေးနွေးခဲ့သည်များထဲမှနားမထောင် လိုက်ရသော တပည့်များ၊ မိတ်ဆွေများအတွက် ခင်နန်းဆန် တွေးမှီသလောက်အား- အပိုင်း ၁ အဖြစ်တင်ပြပေးလိုက်ပါသည်။
အမြင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျနော်ပြောချင်တဲ့အတွက်သက်သက်ကူးထားတဲ့ပန်းချီကားနှစ်ကားပါ ( ရှေ့ပိုင်းတွင်အလားတူကျုံးပုံကိုရေးဆွဲထားသော
၁-R-Talbot Keiiy ၂-ဦးဘသက် ၃-ဆရာဆောင် ၄-ဦးကျော်လေး ၅-ဦးတင်အေး ၆-ဦးအောင်ခင် ၇-ဦးကံညွန့် ၈-ဦးခင်မောင်သန်း ၉-ဦးဇော်ဝင်း ၁၀-ဦးဝင်းဖေ ၁၁-ဦးမာလာ ၁၂-ဦးတင်ဌေးအောင် ၁၃-ဦးခင်မောင်စန်း တို့၏ကျုံးကိုအမြင်မတူစွာရေးဆွဲထားသောပန်းချီကားဓာတ်ပုံများကိုလဲချိတ်ဆွဲရှင်းပြခဲ့ပါသည်။)




ဒီနေရာကိုဘဲကျနော်ကရေးထားတယ် -ဒီနေရာကိုဘဲဆရာကြီးဦးဝင်းဖေကရေးထားပါတယ်-
ဒီနေရာမှာအမြင်မတူရုံတင်မကဘဲအသိပါပြောင်းလဲသွားတဲ့သဘော-ဒီအထဲမှာအတွေးပါပြောင်းလဲသွားတဲ့သဘောတွေပါ ပါတယ် -နောက်ပြီးအမြင်အတွေးတင်မကဘဲဖန်တီးမှုပါ ပါဝင်တယ်-သဘောတရားတွေပါဝင်တယ်-ဒီလိုယှဉ်ကြည့်လိုက်ရင်ပိုပြီးသိသာပါတယ်-ကျနော်ရေးထားခြင်းသည် Natureမှာရှိတဲ့-သဘာဝတရားမှာရှိတဲ့အနေအထားအတိုင်း-သဘာဝတရားမှာရှိတဲ့အနေအထားအတိုင်း-သဘာဝနဲ့နနီးစပ်ဆုံးရအောင်ရေးခဲ့ပါတယ်-ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့တွေကျောင်းမှာစပြီးပန်းချီပညာကိုသင်လာခဖဲ့တာက Academic way နည်းပညာနဲ့ပန်းချီကိုသင်ကြားရတာဖြစ်တဲ့အတွက်ကျနော်တို့natureမှာသွားပြီးကြည့်တဲ့အခါမှာacademic way မျက်လုံးတွေနဲ့ကြည့်တတ်ပါတယ်-အဲဒီလိုကြည့်တတ်ပြီး အဲဒီမျက်လုံးတွေနဲ့ဘဲRepresentation ပြန်လုပ်တဲ့အခါမှာ ကျနော်တို့ပုံတွေဟာရိုးရိုးကြီးဖြစ်နေတတ်တာပါဘဲ--
ဒီနေရာမှာတော့ဆရာကြီးဦးဝင်းဖေကဒီကျုံးကိုဒီနေရာကိုဘဲသူရေးတယ်-ကျနော်နဲ့သူရေးတဲ့နေရာချင်းတူတယ်-သို့သော်အမြင်မတူပါဘူး-ကျနော်ဒီနေရာကိုရေးတာကအဲဒီနေရာမှာသွားရေးတယ်-ဆရာကအဲဒီနေရာမှာသွားထိုင်ရေးတာမဟုတ်ဘဲ indoor မှာcreationလုပ်ပြီးရေးထားတာဖြစ်တယ်-indoorမှာ creat လုပ်ပြီးရေးတာဖြစ်တဲ့အတွက်ဆရာဦးဝင်းဖေ ကျုံးကိုရေးတယ်ကျုံးမှာရှိနေတဲ့သူရဲခိုတွေထဲ့ပြီးရေးမထားဘူး-ဒါပေမဲ့ကျုံးရဲ့image တွေကိုတော့ရေးပါတယ် -သရဲခိုတွေထည့်မထားတာအပြင်ဆရာကြီးကဖြိုဖျက်ပြီးတော့တောင်ရေးထာပါသေးတယ်-ပဲ့နေတဲ့ကျုံးကိုရေးထားတယ်-ဒါဘာဖြစ်လို့ကျုံးအပဲ့ကိုရေးတာလဲ-ကျနော်တို့ကကျုံးကိုမျက်စေ့နဲ့ကြည့်တဲ့အခါမှာပန်းချီဆွဲတဲ့လူကသူကိုယ်တိုင်ပန်ူချီဆရာဖြစ်တဲ့အတွက်မျဉ်းလဲတွေနဲ့ချည်းရေးထားရတာငြီးငွေ့ပြီးအီမသွားအောင်အခုလိုဖြိုလဲပစ်လိုက်ခြင်းဖြစ်တယ်လို့ကျနော်တော့ဒီလိုဘဲခံစားရပါတယ်-အဲဒီတော့ဒီလိုမျိုးချိုးလိုက်ခြင်းအားဖြင့်ဘာအပြစ်ရှိသွားလဲ-? nature နဲ့တော့မတူတော့ဘူး-တကယ်တော့ nature မှာကအဲဒီကျုံးကြီးပဲ့နေတာမှမဟုတ်ဘဲ-ကျုံးပဲ့နေတာကိုရေးထားလို့ရှေးဟောင်းသုတေသနဌာနကလာပြီးပြောချင်ပြောမယ်ပေါ့-သူတို့ကျုံးကြီးပဲ့မနေပါဘူးလို့-တကယ်တန်း တခါတလေကျနော်တို့ရေးထားတာတွေလဲကျုံးကြီးကလှပနေတာဘဲ သပ်ရပ်နေတာဘဲ သန့ရှင်းနေတာဘဲ-အမှန်ဆိုရင်စည်ပင်သာယာက အဲလောက်သန့်ရှင်းသပ်ရပ်နေအောင်လုပ်နှိုင်တာမှမဟုတ်ဘဲ ကျုံထဲမှာအမှိုက်သရိုက်တွေနဲ့ညစ်ပတ်ချင်လဲညစ်ပတ်နေမှာဘဲ-ကျုံးဘေးမှာသစ်ရွက်ကြွေတွေပုံချင်လဲပုံနေမှာဘဲ-ကျနော်တို့ကရေးတဲ့အခါမှာမလိုအပ်တာတွေ ပန်းချီဆရာကအမြင်ထဲကနေပြီးတော့ဖယ်ထုတ်-လိုအပ်တဲ့ဟာတွေကိုထပ်ဖြေ့ရေး -အဲလိုထပ်ဖြည့်တယ် -ဖြုတ်ရေးတယ်ဆိုတဲ့အခါ ရေးသူပန်းချီဆရာ ရဲ့သူ့အမြင်သူ့အတွေး သူ့အသိ သူ့ပညာတွေကိုထဲ့သုံးရပါတယ်-စောစောတုံးကပြောခဲ့သလိုဘဲသူလေ့လာခဲ့တဲ့သူ့ရဲ့ Knowledge-သူရဲ့ပညာ education-သူ့ရဲ့ပတ်ဝန်းကျင် surrounding-သူ့ရဲ့genes and generation မျိုးရိုးဗီဇ ဒါတွေပါ ပါတယ်-
ပန်းချီဆရာကသူ့ပြောင်းလဲချင်တာကိုပြောင်းလဲချင်တဲ့စိတ် ပြောင်းလဲရဲတဲ့သတ္တိရှိဘို့လိုအပ်ပါတယ်-အဲဒီတော့ကျနော်ပြောချင်တဲ့အမြင်ဆိုတဲ့ကိစ္စမှာအသက်ကြီးတာတို့အသက်ငယ်တာတို့အတတ်ပညာတို့နဲ့ဘာမှမဆိုင်ပါဘူး -ဘာလိုလဲဆိုတော့အမြင်ဟာလူတိုင်းမှာရှိတယ်-
ကိုယ်ရှိတဲ့အမြင်ကိုကိုယ်တင်ပြတဲ့အခါမှာကိုယ်ဟာအတတ်ပညာအရနုံနဲ့ကောင်းနုံနဲ့ပါလိမ့်မယ်-အမြင်အရရှိတယ်-ဒါကို ဥပမာပြချင်တာကြောင့်ကျနော်ဒီကားလေးတွေယူလာခဲ့တာပါ-ဒါကျနော့်မြေးရေးထားတာတွေပါ-သူကခြောက်နှစ်ဘဲရှိပါသေးတယ်-ကျနော်ပန်းချီရေးတဲ့အခါအမြဲတန်းအနားမှာလာနေတတ်ပါတယ်-ကျနော်ပန်းချီရေးတာကိုမရှုပ်အောင်သူ့ကိုကျနော်က စာရွက် စုတ်တံ ဆေးချပေးထားလိုက်တယ်-ကဲ ရော့ မီးမီးဖွေးဖွေးပန်းချီရေးဆိုတော့ သူက သမီးဘာရေးရမှာလဲ ဒီမှာဖိုးဖိုးဘာရေးနေတာလဲကြည့် ဖိုးဖိုးကျုံးရေးနေလား သမီးကျုံးကိုရောက်ဖူးလား သိလားမေးတော့ သမီးသိတယ်သမီးရောက်ဖူးတယ်-အေး ဒါဆိုသမီးလဲကျုံးရေးပေါ့ ဆိုတော့သူကျုံးကိုရေးပါတယ်-
သူရဲခိုတွေရော ပြဿဒ်တွေရောသူရေးတယ်-ဖြောင့်ခြင်း မဖြောင့်ခြင်း မသိဘူး ဖြောင့်အောင်လဲသူမကြိုးစားဘူး-သူရေးခြင်သလိုရေးတဲ့အခါမှာကျုံးရဲ့အာရုံအရကျုံးဘေးမှာသူမြင်သမျှသစ်ပင်တွေလဲပါတယ် -သူမြင်သလိုသူရေးတာ -ကျနော်ပြောချင်တာက ဒီအမြင်အ ရအတတ်ပညာကိုသင်ပေးလိုက်ရင်သူတို့မှာဒီဟာနဲ့ပတ်သက်ပြီးတော့ပွင့်လင်းလာမဲ့အနုပညာပိုးတွေရှိလာပါလိမ့်မယ်-အဲဒါကြောင့် ကလေတွေပန်းချီရေးချင်ရင်ကျနော်ဘယ်တော့မှမပိတ်ပင်ဖြစ်ပါဘူး-ဘာလုပ်ချင်သလဲတတ်နှုင်တာဖြည့်ဆည်းပေးလိုက်တယ်-ဒီအခါမှာ--

-ဆက်လက်တင်ပါဦးမည်--
 
Posted by: ခင်နန်းဆန်

No comments:

Post a Comment