သုခုမ တွင် စာရေးသားမည်ဆိုလျှင်

သုခုမတွင် စာရေးမည် ဆရာများအတွက် အဆင်ပြေအောင် ဘလော့Post ရေးလေးတင်ပေးလိုက်ပါတယ်ခင်ဗျာ။ အဆင်မပြေလျှင် comments box မှာ ပြန်မေးနိုင်ပါတယ်။

Blog Post တင်နည်း
ပထမဆုံး http://thukumaart.blogspot.com/ ထဲကို ၀င်ပြီးရင်
အောက်ကပုံမှာပြထားတဲ့ အနီအ၀ိုင်း နှစ်ခုထဲက ကြိုက်တဲ့ ခလုပ်တစ်ခုကိုနှိပ်လိုက်ပါ။



New Post ကို နှိပ်လိုက်ရင် ချက်ချင်းရေးတဲ့ နေရာကိုတန်းရောက်ပါမယ်။
ဒါမှမဟုတ်ဘဲ ပထမ၀ိုင်းပြထားတဲ့ Blogger ပုံကိုနှိပ်ရင် နောက်တစ်ဆင့်ထပ်ရွေးရပါမယ်။
အောက်ကပြထားတဲ့ပုံအတိုင်းတက်လာပါလိမ့်မယ်။


အဲဒီလိုတက်လာရင် ဒုတိယပြထားတဲ့ အ၀ိုင်းကိုနှိပ်ရေးလည်းရပါတယ်။
ဒါမှမဟုတ် ပထမပြထားတဲ့ သုခုမဆိုတဲ့ အနီဝိုင်းပြထားတဲ့နေရာကိုနှိပ်ရင်တော့ နောက်တစ်ဆင့်ထပ်သွားရပါတယ်။ အောက်ကပုံကိုကြည့်ပါခင်ဗျာ။


အပေါ်မှာပြထားတဲ့ နေရာကို နှိပ်ရင်တော့ စာစရေးဖို့အဆင့်ကိုရောက်ပါပြီ။



အပေါ်မှာပြထားတဲ့ အဆင့်တွေက ဘယ်လိုဘဲနှိပ်နှိပ် ဒီအဆင့်ကို ရောက်ပါမယ်။
Post Title မှာ ရေးမယ့် အကြောင်းအရာခေါင်းစဉ်ထားရပါမယ်။
ပုံတင်ချင်တယ်ဆိုရင်တော့ ပုံတင်ရန်အ၀ိုင်းပြထားတဲ့နေရာကိုနှိပ်ရပါမယ်။
ကိုယ်ရေးသားတဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာအခန်းခွဲတွေမှ စနစ်တကျထားဖို့အတွက် label ဆိုတဲ့နေရာ(အခန်းခွဲရွေးရန်ဆိုပြီးဝိုင်းပြထားတဲ့နေရာမှာ) သက်ဆိုင်ရာအခန်းခွဲခေါင်းစဉ်သတ်မှတ်ပေးရပါမယ်။
အောက်ကအဖြူကွက်ကတော့ ရေးသားချင်တဲ့အကြောင်းအရာကိုရေးဖို့နေရာပါ။

ပုံတင်တဲ့ခလုပ်ကိုနှိပ်ပြီးရင် အောက်ကပြထားတဲ့ ပုံအတိုင်းတက်လာပါလိမ့်မယ်။



အဲဒီမှာ Choose Files ခလုပ်ကိုနှိပ်ပါ။ ပြီးရင် ဖုန်းထဲက ဒါမှမဟုတ် ကွန်ပျူတာထဲက ထည့်ချင်တဲ့ ပုံကို ရွေးပြီးရင် Add Selected ကိုနှိပ်ပေးပါ။





အားလုံးပြီးရင်တော့ Publish ဆိုတဲ့ ခုလုပ်ကိုနှိပ်လိုက်ရင် သုခုမမှာ တင်ချင်တဲ့ အကြောင်းအရာများ တင်လို့ပြီးပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment