ဒီနေ့တော့...အခန်းထဲဗာဟီရလေးအနဲအကျဉ်းလုပ်ပီးအချိန်ရနေလို့...ပန်းချီအကြောင်းအနုပညာအကြောင်းလေးများရေးဦးမှပဲလေလို့...စိတ်ထဲရေးမယ်ရေးမယ်နဲ့တင်းထားသော်လည်း
တကယ်တန်းလက်ပ်တော့ရှေ့ရောက်တော့ ဖေ့ဘုတ်စတေးတပ်လေးများလောက်
တောင်မရောက်မြောက်မရောက်
အတိုထွာလောက်သာရေးချင်လာပြီး....ကိုယ့်စောင့်နေမှာမဟုတ်သော..မဂဇင်းကိုလည်းပေးခါမှရောက်ရောဟုမှတ်ကာခွင့်လွတ်သီးခံစေဖို့အပြင်
(ဘက်ဆဲလားမဟုတ်၊
လူလဲစိတ်ဝင်စားမှုနဲသောကျနော့်ဆောင်ပါးလိုမျိုးတကူးတကစောင့်မှာလဲမဟုတ်သဖြင့်..)ယခုရေးသားအပ်သော...အခေါ်အဝေါ်အသုံးအနှုန်းနဲ့...ပန်းချီခရီးလမ်းအဆင့်ဆင့်ကို
ဒီနေရာကနေဦးစွာပထမ...အစပျိုးလိုက်ပါရစေ။
ဒီလိုပါ
အခုပုံမှာတွေ့ရသလို ကျနော်တခါက ပန်းချီသင်တန်းတစ်ခုမှာ
ခဏ၀င်ပွားခဲ့ဖူးပါတယ်...ဒီတုန်းကတက်ေ၇ာက်နားထောင်သူတွေလဲ..ကျနော်ပြောတာတွေ(ထုံးစံအတိုင်း
း))ဟိုရောက်ဒီရောက်ဖြစ်ကြမှာပဲလေလို့ထင်မိတယ်။
(အဲဒီအချိန်ကလည်းဆီးဂိမ်းကြီးဖွင့်ပီးကာစ...ဆိုတော့ဘ၀င်မကျတာလေးတွေပြောမိသဗျ)..တကယ်ပြောချင်တာကိုမရောက်နိုင်ပေါ့လေ...ဒီတော့အဲဒီတုန်းကပြောတာလေးတွေရောနဲ့...အခုထပ်ပြောချင်တာက...
ပန်းချီအကြောင်းအနုပညာပြပွဲတွေအခြေနေတွေအကြောင်း
ရေးမယ်လို့လဲဆိုရော...အခေါ်ဝေါ်အသုံးနှုန်းတွေအကြောင်းခေါင်းထဲရောက်လာတယ်..အဲဒါတွေသုံးပြီးရေးရမှာကိုး။
ဥပမာ အခုအများသုံးနေတဲ့(အနုပညာ) ဆိုတာမျိုးပေါ့ဗျာ...သူလဲအနုပညာ
ကိုယ်လဲအနုပညာ၊ ဘယ်လိုဟာကအနုပညာ…ဒီထက်နဲနဲပိုမီနီမိုက်ဖြစ်တာ
ပန်းချီပေါ့။ ကျနော်အခုတွေ့ရတဲ့ အနုပညာပြပွဲဆိုတဲ့
လက်ရာတွေမှာ...အများလက်ခံထားပြီး ထားဆဲ (ဒီကအခေါ်ဝေါ်ကတော့
အိုးလ်ဖက်ရှင်လို့ပြောကြတယ်)...ပန်းချီ ပန်းပု၊
အနုပညာမျိုးတွေမဟုတ်လေတော့.....ဒါတွေအကြောင်းကို
အရင်အခေါ်ဝေါ်အသုံးနှုန်းတွေနဲ့ ရေးနေ
ပြောနေကြတာဟာ....ခရီးမှပေါက်ရဲ့လားလို့ တွေးမိတာပါ။ ကိုယ်က
ပြောနေရည်ရွယ်နေတာတခြား နားထောင်သူမှန်းမိလက်ခံမိတာတခြားဖြစ်နေမလားပေါ့။
ဒါကြောင့် အခုကဲ့သို့(စကားလုံးအသစ်မပေါ်မချင်း)
တွေ့နေကျစကားလုံးအခေါ်ဝေါ်တွေဟာ ဒီဆောင်းပါးမှာတော့
ဘယ်လိုအဓိါယ်နဲ့သုံးထားသလဲဆိုတာကြိုပြောဖို့ လိုလာတယ်ထင်မိပါတယ်။
အဲဒီသင်တန်းလေးမှာပြောဖြစ်တုန်းက….ပန်းချီကိုစိတ်ဝင်စားတာကနေစပြီး
ဆက်လက်ချီတက်ကြမယ့်မိတ်ဆွေတွေအချင်းချင်းပြောကြသလိုပေါ့…ပုံမှန်တော့
အပြင်ကနေပဲလေ့လာလာ ကျောင်းတို့တကသိုလ်တို့လို
သင်ကြားရေးလိုင်းကနေပဲစစ… ဒီကနေကိုယ်တိုင် လက်ရာတစ်ခု ရေးနိုင်လာမယ်…။
ဒီမှာ မိမိကြိုက်တဲ့
အကြောင်းရာဖက်လိုက်ကြမယ်…အဲဒီမှာကိုယ့်ပေ၇ာ်ဖက်ရှင်နယ်ကိုသိအောင်
ကိုယ်ဘာလိုချင်တာလဲသိအောင်လုပ်ကြရတဲ့အဆင့်ပါ၊
ကျနော်တို့ခေတ်တုန်းကရွေးစရာသိပ်မရှိခဲ့ဘူး၊
ရရာဒီဇိုင်နာလုပ်ကြရတာများတယ်…(အာအိုင်တီဆင်းဆရာသမားတွေတောင်
ရရာလုပ်နေကြရတဲ့ခေတ်လေ) ဒီနေ့ခေတ်နဲ့ကွာသွားပီ။ ဒီတော့
အဲလိုကွာတဲ့ခေတ်ပေမယ့်….ဒီလို
သင်တန်းလာတက်ရတဲ့အဆင့်ထိစိတ်ဝင်စားတဲ့သူတွေမှာ…ရှေ့ကိုဆက်သွားဖို့အတွေ့အကြုံ၊
သမိုင်း၊ စတဲ့အင်ဖာစရက်ချာ တွေဘာမှမရှိသလောက်နဲပါတယ်၊
(ဒီကိုသွားရင်ဒီရောက်မယ်လို့) သိနေကြပီးသား၊
ရှေ့ကလူတွေသွားနေပီးသား..လမ်းကြောင်းဟောင်းပဲရှိတယ်။ ဒီတော့ ဒီကလေးတွေ
အဲဒီလမ်းကြောင်းမှာပဲ စုပြုံနေတာမဆန်းဘူး။ ဒါပေမယ့်
အရေးကြီးတဲ့ထောက်ပြစရာလေးတွေရှိတယ်…အဲဒါက (မိမိခံစားမှုသာပဒါနဆိုတာရယ်၊
ရိုးသားအပြစ်ကင်းစွာဖန်တီးရမယ်ဆိုလေးရယ်…၊
အမြင်၊အကြောင်းအရာ…တစ်ခုခုကိုစွဲမြဲဆုပ်ကိုင်ထားရမယ်(သေတပန်သက်တဆုံး)
ဒါမှ ဗန်ဂိုးတို့ဘာတို့လို
နောင်လာနောက်သားတွေမှတ်မိကျန်ခဲ့မယ်…နောက်ပီး
ကိုယ့်ကိုရောလက်ရာကိုရောလူတွေမှတ်မိလာစေမယ်။
အဲလိုတစ်ခုခု(အကြောင်းအရာဖြစ်ဖြစ်၊ ဟန်ဖြစ်ဖြစ်၊ အရောင်နဲ့ဖြစ်ဖြစ်
(ဟာမိုနီကဘယ်လိုတို့ဘာတို့)၊
ကွန်ပိုဇေးရှင်း...ပါစပတ်တစ်ကဘယ်လိုတို့၊ ရေးချက်စတိုင်၊
အသုံးပြုတန်ဆာပလာ…စတဲ့) ကိုစွဲမြဲဆုပ်ကိုင်ထားပြီး၊
မိမိနှလုံးသားကိုလဲကြည့်းနူးနှစ်ခြိုက်စေသော…ရိုးသားမှုလည်းပါသော..အများကလည်းလှကြောင်း
သစ်ဆန်းကြောင်းအားပေးကြသော၊ အလိုရှိသူကလည်း ၀ယ်ယူကြပြီး၊ ကြီးမားတဲ့
အနုပညာလက်ရာကြီးအဖြစ်လဲသိမ်းထားနိုင်သော… ပန်းချီဆိုတာများကို
ဖန်တီးကြဖို့သာ…အများစုလိုက်စားကြရပါတော့တယ်။ တကယ်တန်းကျနော်လည်း
ဒါကိုလက်ခံပါတယ် (သေအောင်ရေးလာခဲ့တဲ့ပန်းချီကိုလက်ခံတာပေါ့)။
ဒီလမ်းကြောင်းဟာကျနော်တို့ရဲ့သမိုင်းဖြစ်ပြီးဆက်လက်လဲဖြစ်တည်နေဆဲ….
အကြိုက်တွေ့စရာတွေလည်းအများသားပဲကိုး…။
တကယ်တော့သင်တန်းကပဲပြီးပြီးကျောင်းကပဲဘွဲ့ရရ…ကိုယ်တိုင်လက်ရာတစ်ခုဖန်တီးနိုင်လာတဲ့အခါ…လူတိုင်းကတော့ရေးကြတာပါပဲ
အိုခေ…..ရေးကြပီဆိုတဲ့…အဲဒီနေရာမှာ
ကျနော်တို့ဆီမှာအထူးလိုအပ်နေတဲ့…အနုပညာအင်ဖာစရက်ချာတွေဘာမှမရှိခြင်းက
လူငယ်ခြေတက်တွေအတွက်ကန်စရာကွင်းမရှိသလိုဖြစ်ကြရပီး၊ ရရာ
ကွင်းပြင်ထွက်ကန်ကြရသလိုပါပဲ။ အနုပညာဆိုတာဘာလဲ
ပန်းချီဆိုတာဘာလဲဆိုတာအဲဒီအဆင့်မှာစလာကြတယ်…။
အခြေခံကျကျပြောရရင်…ပုံတစ်ခုပေါ်အောင်ရေးနိုင်နေပီ၊ ဆိုတော့..ကင်းဗတ်
စ၀ယ်ပြီ၊ ဆေးတွေစုပြီ၊ ရေလားဆီလားအခရိုင်းလစ်လားရွေးပြီ၊
စုတ်တံဝယ်ပြီ…ဒီလို။..အဲဒီကထဲကသူတို့ဟာ
အစဉ်လာကိုသွားမလို့ဆိုတာတန်းသိသာပါတယ်။
ဟင်…အဲဒီကိုမသွားရင်ကျနော်တို့ကျမတို့က
ဘယ်သွားရမှာလဲဆိုတော့….(ခက်ပြီ)၊
ဒီနေရာမှာ…အထက်ကဆိုခဲ့တဲ့…အယူအဆမှိုင်းမိကြသူများနဲ့
ပုံမှန်ဝါသနာရှင်တွေဟာ…ပန်းချီကို
အထက်ကဆိုခဲ့သလိုပဲလုပ်ကြတာပဲ…ထွင်ချင်ရင်လည်းရနေတာပဲလေဆိုပီးအမျိုးမျိုး…
ကောက်ကြောင်းဆိုလည်း ကြမ်းကြမ်းရှိတယ်ချောချောရှိတယ်၊ ပုံတူဆိုလဲ
နဲနဲတူတာ ရုပ်ပြောင်မတူတတူရှိတယ်… ရှုခင်းလဲ သဘာဝအတိုင်းထပ်တူရှိတယ်
နဲနဲပြင်တာရှိမယ် အိမ်မက်ထဲက ရှုခင်းလိုရှိမယ်….။ တချို့က
မိန်းမပုံချည်းဆွဲ၊တချို့က အိမ်တွေအပင်တွေဆွဲ….ရိုးရာလိုဆွဲ
သဘာဝအတိုင်းဆွဲ ခပ်ဟော့ဟော့ဆွဲ….တ၀က်ဒြပ်မဲ့ (ဆီမီးအက်ဘစရက်)
လိုဆွဲ…အပြည့်ဒြပ်မဲ့တွေဆွဲ၊
တချို့ကနိုင်ငံရေး…ငြိမ်းချမ်းရေး…လှုံဆော်မှုပုံစံတွေအရေး…လူမှုရေးတွေဆွဲ၊
ပန်းအိုးတွေချည်းဆွဲသစ်သီးတွေချည်းဆွဲ..လူပုံရှုခင်းအရောဆွဲ၊
သရုပ်ဖေါ်လိုစုပေါင်းထပ်စပ်ဆွဲ၊ တကြောင်းထဲတချက်ထဲပုံတူအောင်ဆွဲ၊
ရေနဲ့ဆွဲဆီနဲ့ဆွဲ…တချို့ရတဲ့ဟာနဲ့ဆွဲ၊ စပရေးနဲ့ဆွဲ၊
ဘီးနဲ့ဆွဲ…တံမျက်စီးနဲ့ဆွဲ…သံပတ်ပြားနဲ့ဆွဲ…စတဲ့စတဲ့
အဲလိုအမျိုးထွင်ပြီးဆွဲနိုင်နေတာပဲလေ…ဟု(ပညာရပ်
နည်းစံနစ်ပိုင်းအမြင်များဖြင့်)ဆိုကြပြီး၊ အနုပညာသမားဟာ
အနှောင်ဖွဲ့တွေမုန်းတယ်
ချုပ်ချယ်တာတွေကင်းတယ်…လွတ်လပ်ရမယ်…စိတ်ကလေးကြည်လင်နေရမယ်…အပြင်ပန်းဘ၀ဘယ်လိုနေနေ
စိတ်ကလေး
နုးညံ့အပြစ်ကင်းပြီး…ရိုးသားစွာရေးနေကြတယ်…(မြန်မာရနံ့ကလဲသင်းနေရဦးမယ်)း)..စသည်ဖြင့်(အယူအဆအရလည်း…ဆိုကြပါတယ်….။
ကျနော်ဒါတွေပြောနေတာဟာ…ဒီအခြေနေတွေကိုလက်ခံလို့ပါပဲ၊
ကျနော်တို့ဖြစ်လာခဲ့တဲ့အရှိအတိုင်းကိုတော့လက်ခံကြရပါမယ်။
ဒါတွေကဖျောက်ဖျက်လို့မရသလိုထိန်းသိမ်းဖို့လိုတယ်လို့မြင်ရင်လဲမှန်ပါတယ်….။
ဒီတော့
ဘာကိုပန်းချီခေါ်မှာလဲဆိုတဲ့အခုကျနော့်ဆိုလိုချက်ကတော့….ပန်းချီဆိုတာ၊
အနုပညာဆိုတာ…အထက်ကကျနော်ဆိုခဲ့သလိုတွေလို့ သတ်မှတ်လက်ခံထားဆဲ
လက်ခံလတံ့..သူတွေအဖို့တော့…ကျနော်ထပ်မံတင်ပြမယ့် အကြောင်းတွေနဲ့
နဲနဲ(သို့) အလုံးစုံ လွဲပါလိမ့်မယ်….။ ဒီတော့
ဆက်လက်စိတ်ပါဝင်စားမှုရှိသေးရင်ဖြစ်ဖြစ်….ဒါတွေတင်မကတခြားအရာတွေလဲရှိသေးတယ်လို့လက်ခံရင်ဖြစ်ဖြစ်…
ဒါတွေကိုလုံးလုံးဆန့်ကျင်ပြီး
အခြားအရာတွေကိုသာဖန်တီးမှုအနုပညာလို့လက်ခံသူပဲဖြစ်ဖြစ်ကိုတော့…..ဆက်လက်ဖတ်ရှုကြပါလို့……။
အစဉ်ခင်မင်လျှက်…..
အောင်မြတ်ဌေး
(မေလ ၇၊ ၂၀၁၄)