' ကျွန်တော် ငယ်ငယ်က မီးပျက်လည်းပဲ၊ ဖယောင်းတိုင်ထွန်းထွန်းပြီး ညစဉ်ညတိုင်း ပုံရေး ဆွဲလေ့ရှိတယ်၊ အဲဒါကို အမေက အမြဲပဲ အမှတ်တရပြောတတ်တယ်'လို့ ပန်းချီနေဇော်က သူ့ရဲ့ငယ်ဘဝကောက်ကြောင်းကို စတင်ပြောပြ ခဲ့တယ်။
သူ့အဘိုးက သူ ငယ်ငယ်ကတည်းက အနီးကပ် မြင်တွေ့ရင်းနှီးလာသူမို့ သူ့ရဲ့ပန်းချီရေးဟန်တွေက သူ့အဘိုး ပန်းချီဆရာကြီး ဦးဘရင်ဆီက ကူးလူးလာ တာဖြစ်မှာပဲလို့ ကျွန်မက ကောက်ချက်ချလိုက်မိပေ မယ့် သူ့အဖြေစကားကြောင့် ကျွန်မအံ့အားသင့်သွားတယ်။

ငယ်ငယ်ကတည်းက ကျွန်တော်တကယ်ကြိုက်တဲ့ ပန်းချီ ဆရာကြီး ဦးပေါ်ဦးသက်နဲ့ တွေ့ခဲ့တယ်၊ ဆရာပေါ်ဦးသက်က ကျွန်တော့်ဦးလေး ပန်းချီ ညွှန့်ဝေသစ်ဆီ လာတတ်တယ်ဗျ။ အဲဒီမှာ ကျွန်တော် ဆရာပေါ်ဦးသက်ရဲ့ စကားပြောဟန်၊ ပန်းချီရေးဟန်၊ သူ့ရဲ့ဘဝနေထိုင်မှု ဟန်ပန်ကို အနီးကပ်တွေ့ လိုက်ရတော့တာပဲ။
ကျွန်တော် ၁ဝနှစ်သားအရွယ် လောက် ရူးစပြုချိန်မှာ ဆရာပေါ်ဦးသက်ကို အာရုံထဲ ငြိသွားတာ' ပန်းချီကို ငြိတွယ်ရူးသွပ်သွားခဲ့သလို ဆယ်တန်းအောင်တဲ့အခါ သူ့ဆုံးဖြတ်ချက်က ပန်းချီကျောင်းတက်ဖို့ ကလွဲပြီး တခြားဘာမှမရှိခဲ့ဘူး။ အရင်က ယဉ်ကျေးမှုတက္ကသိုလ်၊ အခု 'အမျိုးသားယဉ်ကျေးမှုနှင့်အန
'ကျွန်တော်တို့အိမ်မျက်နှာချင်းဆိုင်က မဝေနှင်းခိုင်တိုးက ရန်ကုန်ပန်းချီကျောင်းတက်ပြီး ပြန်လာတယ်၊ သူက သူရေးထားတဲ့ ပုံတွေပြတယ်တော်တော်ကောင်းတယ်ဗျ။
ဒီမှာပဲ ငါရေးနေတာတွေ ဘာမှမဟုတ်သေးပါလားလို့ သိလာတယ်၊ စနစ်တကျ သင်ယူဖို့လည်း လိုသေး တယ်လို့ သဘောပေါက်သွားတယ်၊ အဘိုးကလည်း သူ့အမွေကို ဆက်ခံသူဖြစ်စေချင် ပုံရတယ်။ ဒါနဲ့ပဲ တခြား ဘယ်တက္ကသိုလ်မှ မတက် တော့ဘဲ ယုံကြည်စွာနဲ့ပဲ ပန်းချီကျောင်းတက်ခဲ့တယ်။ အခုအချိန်ထိ ကျွန်တော်ကျောင်းဆင်းခဲ့တဲ့ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်မှာပဲ နည်းပြဆရာဘဝနဲ့ တာဝန်ထမ်းဆောင်ရင်း အနုပညာလောကထဲကိုခြေစုံပစ်ဝင် လိုက်တော့တယ်'
အနုပညာလောကထဲကို ခြေစုံပစ်ဝင်လိုက်သူ၊ သူဟာ အခုအချိန်မှာ မန္တလေးက ယဉ်ကျေးမှုကျောင်းမှာ နည်းပြဆရာတစ်ယောက်။ ဒါပေမဲ့ သူ့ကို အခြေခံကစလို့ ခက်ခဲနက်နဲတဲ့ ပန်းချီပညာတွေထိ အဆင့်ဆင့် နည်းပညာတွေ ဖြန့်ဝေလက်ဆင့်ကမ်းပေးခဲ့သူ ဆရာများစွာကို သူ့ရင်မှာ နေ့ရက်အစဉ်အတိုင်း အမည်နာမ နဲ့တကွ မှတ်မိသိရှိနေဆဲ။
'ကျွန်တော့်အဘိုး ဦးဘရင်ဆီက လေ့လာခဲ့တာတွေလည်းရှိသလို တခြားဆရာတွေလည်း ကျွန်တော့်မှာ အများကြီးပဲ ရှိကြတယ်။ မန္တလေးယဉ်ကျေးမှုတက္ကသိုလ်က ဆရာဦးဇော်ဝင်း၊ ဦးကြည်သိန်း၊ ဦးမြတ်ထွန်းအောင်၊ ဦးစိုင်းမောင်မောင်၊ဦးအောင်စည်သူလှိုင်၊ဦးမင်းလွင်၊ ဒေါ်မြခက်၊ ဒေါ်လွင်လွင်လှိုင်ရွှေ၊
ဒီမှာပဲ ငါရေးနေတာတွေ ဘာမှမဟုတ်သေးပါလားလို့ သိလာတယ်၊ စနစ်တကျ သင်ယူဖို့လည်း လိုသေး တယ်လို့ သဘောပေါက်သွားတယ်၊ အဘိုးကလည်း သူ့အမွေကို ဆက်ခံသူဖြစ်စေချင် ပုံရတယ်။ ဒါနဲ့ပဲ တခြား ဘယ်တက္ကသိုလ်မှ မတက် တော့ဘဲ ယုံကြည်စွာနဲ့ပဲ ပန်းချီကျောင်းတက်ခဲ့တယ်။ အခုအချိန်ထိ ကျွန်တော်ကျောင်းဆင်းခဲ့တဲ့ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်မှာပဲ နည်းပြဆရာဘဝနဲ့ တာဝန်ထမ်းဆောင်ရင်း အနုပညာလောကထဲကိုခြေစုံပစ်ဝင် လိုက်တော့တယ်'
အနုပညာလောကထဲကို ခြေစုံပစ်ဝင်လိုက်သူ၊ သူဟာ အခုအချိန်မှာ မန္တလေးက ယဉ်ကျေးမှုကျောင်းမှာ နည်းပြဆရာတစ်ယောက်။ ဒါပေမဲ့ သူ့ကို အခြေခံကစလို့ ခက်ခဲနက်နဲတဲ့ ပန်းချီပညာတွေထိ အဆင့်ဆင့် နည်းပညာတွေ ဖြန့်ဝေလက်ဆင့်ကမ်းပေးခဲ့သူ
'ကျွန်တော့်အဘိုး ဦးဘရင်ဆီက လေ့လာခဲ့တာတွေလည်းရှိသလို တခြားဆရာတွေလည်း ကျွန်တော့်မှာ အများကြီးပဲ ရှိကြတယ်။ မန္တလေးယဉ်ကျေးမှုတက္ကသိုလ်က ဆရာဦးဇော်ဝင်း၊ ဦးကြည်သိန်း၊ ဦးမြတ်ထွန်းအောင်၊ ဦးစိုင်းမောင်မောင်၊ဦးအောင်စည်သူလှိုင်၊ဦးမင်းလွင်၊ ဒေါ်မြခက်၊ ဒေါ်လွင်လွင်လှိုင်ရွှေ၊
ဒေါ်နွယ်နီလေးဝင်းနဲ့ ဒေါ်စန္ဒာဝင်းထွန်းတို့ဆီကနေလ ည်း လေ့လာသင်ယူခဲ့တယ်။ ကျွန်တာ့်ဦးလေး ပန်းချီညွန့်ဝေသစ်ဆီကလည်း သင်ယူခဲ့တယ်။ မော်ဒန် အတွေးအခေါ် အယူအဆတွေနဲ့ ပတ်သက် ပြီးတော့လည်း ဦးကျော်မိုးသာ၊ ဦးကြည်ဝင်း (မန္တလေး)တို့ဆီကလည်း လေ့လာခဲ့တယ်။ ကျွန်တော့်ဘဝ တစ်လျှောက်လုံး ချန်ထားလို့မရတဲ့ ဆရာတစ်ဦးလည်း ရှိသေးတယ်။ သူကတော့ ကျွန်တော်က လေးလေးငြိမ်းလို့ခေါ်တဲ့
ပန်းချီဦးချစ်ငြိမ်းပါ။ ဆရာကြီးနဲ့ ကျွန်တော်က ၂ဝဝ၄ ကျောင်းမဆင်းခင်ကစပြီး
တွေ့ခဲ့တာ၊ သူ့ဆီကို အစဉ်တစိုက် သွားရောက်လေ့လာခဲ့တယ်။ ဆရာကြီးက
ကျွန်တော့်ကို ခေတ်သစ်ပန်းချီရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို စနစ်တကျ
သင်ကြား၊ ပြောပြခဲ့တယ်။
ကျွန်တော့်ဘဝအတွက် ခေတ်သစ်ပန်းချီလမ်းကြောင်းထဲ

ရောက်အောင်
သူက ပို့ဆောင်ပေးခဲ့တာလို့ ပြောလို့ရ တယ်ဗျ 'သူက ပြည်တွင်းက
ပန်းချီဆရာတွေမှာ ဦးဘသက်၊ ဦးခင်မောင်(ဘဏ်)၊ ဦးပေါ်ဦးသက်၊
ဦးစိန်မြင့်နဲ့ ပန်းချီ ဦးချစ်ငြိမ်း(သူ့အခေါ်လေးလေးငြိမ်း)တို့ကို အားကျ
နှစ်သက်သူ။
ပြည်ပအနုပညာရှင်တွေမှာတော့ ကမ္ဘာကျော် ပန်းချီ သမားကြီးတွေဖြစ်တဲ့ မားတီးစ်၊ ဗန်ဂိုး၊ ပီကာဆိုတို့ကို ရူးရူးမူးမူးသဘောကျတယ်လို့ ပြောပြခဲ့တယ်။
ပြည်ပအနုပညာရှင်တွေမှာတော့ ကမ္ဘာကျော် ပန်းချီ သမားကြီးတွေဖြစ်တဲ့ မားတီးစ်၊ ဗန်ဂိုး၊ ပီကာဆိုတို့ကို ရူးရူးမူးမူးသဘောကျတယ်လို့ ပြောပြခဲ့တယ်။
လူတွေကတော့ ဟုတ်ပါပြီ။ ပန်းချီရေးတဲ့ မီဒီယမ်တွေ ထဲမှာရော သူ့အကြိုက်တွေက ဘယ်ဟာတွေလဲမသိ။
'မီဒီယမ်တွေ အမျိုမျိုးအထွေထွေထဲမှာ ကျွန်တော်တော့ acrylic ရယ်၊ water color ရယ်၊ oil pastel ရယ် ပိုနှစ်သက်လို့ ဒါတွေပဲ ခပ်များများ ရေးဖြစ်တယ်။ အခု လတ်တလောမှာ oil pastel ကို ပိုပြီး အာရုံကျနေတယ်၊ ပိုပြီးရေးဖြစ်တယ်၊ စိတ်ထဲမှာ ရေးလိုက်ရင် တခြားဟာနဲ့မတူဘဲ ပိုပြီးလွတ်လပ်တယ်၊ ပိုပြီးပျော်တယ်လို့ ကိုယ့် ကိုယ်ကိုယ် ထူးထူးခြားခြား ခံစားမိတယ်'

သူ့ရဲ့ပန်းချီကားတချို့ကို ကြည့်တဲ့အခါ အမြင်အာရုံကို လွတ်လပ်ပေါ့ပါးစွာ သိမ်းကြုံးဖမ်းစားလိုက်သလို အရသာတစ်မျိုးပေးစွမ်းနိုင်တာကို သတိပြုမိခဲ့တယ်။ အထူးသဖြင့်
ရွှေတိဂုံ ၊ တို့ကျောင်း၊ ဘယ်အချိန်ရှိပြီလဲဆိုတဲ့ ပန်းချီကားတွေ။ ကြည့်မိသူဘက်ကနေ လွတ်လပ်ပေါ့ပါးစေတဲ့ space နေရာလွတ် ၊ ပြင်ကျယ်ကြီးတွေကို ကား တချို့မှာ
မြင်ရတယ်။
ရွှေတိဂုံ ၊ တို့ကျောင်း၊ ဘယ်အချိန်ရှိပြီလဲဆိုတဲ့ ပန်းချီကားတွေ။ ကြည့်မိသူဘက်ကနေ လွတ်လပ်ပေါ့ပါးစေတဲ့ space နေရာလွတ် ၊ ပြင်ကျယ်ကြီးတွေကို ကား တချို့မှာ
မြင်ရတယ်။
ဒီကားတွေကို သူဘယ်လို စိတ်ကူးနဲ့ ဖန်တီးခဲ့တာပါလိမ့်။
'တကယ်တော့ အဲဒီလ space တွေလွှတ်တာကလည်း ရိုးရိုးလေးပါ၊
ကျွန်တ်ာကိုယ်တိုင်ကလည်း လွတ်လွတ်လပ်လပ်နဲ့ အသက် ရှူချောင်ချောင်
နေချင်မိတယ်၊ ကျွန်တ်ာတို့ကျင်လည်ရတဲ့ လက်ရှိ ဘဝကလူတွေကိုအသက်ရှူကျပ်စေတဲ့ အရာတွေ ပြည့်နှက်နေတယ်မို့လား။

အသက်ရှူချောင်ချောင် လည်လည်
နေချင်မိတဲ့ စိတ်ခံစားမှုက ကျွန်တော်ရေးလိုက်တဲ့ ပန်းချီကားတွေထဲမှာ
သွားပြီး ပုံရိပ်ထင်ကုန် တာဗျ။ ပန်းချီကားတွေမှာ ရောင်ပြန်ဟပ်လာတယ်ပေါ့။
ဒါကြောင့် ကြည့်သူကိုလည်း ကျွန်တော့်လို ဖြစ်စေချင်၊ ခံစားစေချင်၊
လွတ်လပ်စေချင်၊ အသက်ရှူချောင်စေချင်တယ်ပေါ့ ဗျာ။ ရှိသေး တယ် ဈေးချိုတစ်ခေါက်၊ ကျုံးတော်ပတ်လည် နောက်တော်တော် များများပဲရှိတယ်။ ကျွန်တော်ပန်းချီရေးတော့မယ် ဆိုရင် sketch တွေ အရင်ထုတ်တယ်၊ cropping လုပ်တယ်၊ ကား ဖွဲ့စည်းပုံမှာ စိတ်ကြိုက်ဖွဲ့စည်းတယ်။
အရောင်တွေရော စိတ်ကြိုက်ဖွဲ့စည်းပြီးမှ ရေးဆွဲတယ်။ ဓာတ်ပုံအတိုင်း ဘယ်တော့မှ မရေးဘူး။ ကျွန်တော်က sketch ကို အားကိုးတယ်။ ဒါကလည်း ဒီဇိုင်းသမားတွေရဲ့
အားသာချက်တစ်ခု ပေါ့ဗျာ'
ပြောရရင် သူက ငယ်ရွယ်သေးတဲ့ ပန်းချီသမားတစ်ယောက်ပါ။ ငယ်ရွယ်ပေမယ့် ပန်းချီအရာမှာ နေရာ တစ်ခု စိုက်စိုက်မတ်မတ် ထူထောင်ပြီးခဲ့သူ။ အနုပညာ လောကမှက
ဟိုဟာကောင်းနိုး၊ ဒီဟာဟုတ်နိုးနဲ့ စမ်းတဝါးဝါး လျှောက်လှမ်းနေသူတွေလည်း အပုံအပင် ရှိနေတယ် ဆိုတော့ အဲဒီလို မျက်နှာသစ်ပန်းချီသမားနုနုန ယ်နယ် တွေအတွက် သူ
အကြံဥာဏ်ကောင်းတွေ ပေးနိုင်မယ် ထင်ရဲ့။
'တကယ်တော့ ကျွန်တော်လည်း အခုအချိန်ထိ ဘယ်အဆင့်မှ မရောက်သေးပါဘူး၊ ကိုယ်ယုံကြည် တာကိုပဲ တစိုက်မတ်မတ် လုပ်နေတဲ့သူပါ။
ဒါကြောင့် ကျွန်တော့်လို ဝါသနာပါသူ ညီအစ်ကို မောင်နှမအားလုံးကို
ပန်းချီပညာရဲ့ အခြေခံ သဘော တရားတွေ၊ ပန်းချီ သီအိုရီတွေကို စနစ်တကျလေ့လာပါ။
နောက်ပြီး ပန်းချီမှာလည်းဂီတလိုပဲ အကိုင်း၊ အရွက်၊ အခက်တွေ အများ ကြီးပဲ။
ကိုယ်ဘာကို ယုံကြည်တာလဲ၊ အရင်၊ ရှာဖွေရမယ်၊ သိအောင်လုပ်ရမယ်။ ကိုယ်ဘာကို
ယုံကြည်တာလဲသိမှ ကိုယ်ယုံကြည်တာကို တစိုက် မတ်မတ်လုပ်နိုင်မယ်၊ ဒါကြောင့်
ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာနဲ့ အစဉ်တစ်စိုက် လိုက် ပါလို့ ပြောချင်တာ
ပါပဲ။ နောက်တစ်ခု ဆရာကြီး ဦးခင်မောင်သန်း စကားကို လက်ဆင့်ကမ်းရမယ်ဆိုရင်
ဘာပဲလုပ်လုပ် အကောင်း ဆုံးလုပ်ပါ၊ တံမြက်လှည်းရင်တောင် အပြောင်ဆုံး
လှည်းကျင်း လိုက်ပါ ဆိုတာပါပဲ။ ကျွန်တော်ကတော့ ဒီလိုပဲ ခံယူထားတယ်ဗျာ'
ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်၊ တံမြက်စည်း လှည်းရင်တောင် အပြောင်ဆုံးလှည်းဆိုတဲ့စကား က မှတ်သားစရာဖြစ်ခဲ့တယ်။ လူသားအားလုံး ဒီလိုစိတ်ထားပြီး လုပ်ဆောင်ကြမယ်ဆိုရင် ဘယ်လောက်
အရောင်တွေရော စိတ်ကြိုက်ဖွဲ့စည်းပြီးမှ ရေးဆွဲတယ်။ ဓာတ်ပုံအတိုင်း ဘယ်တော့မှ မရေးဘူး။ ကျွန်တော်က sketch ကို အားကိုးတယ်။ ဒါကလည်း ဒီဇိုင်းသမားတွေရဲ့
အားသာချက်တစ်ခု ပေါ့ဗျာ'
ပြောရရင် သူက ငယ်ရွယ်သေးတဲ့ ပန်းချီသမားတစ်ယောက်ပါ။ ငယ်ရွယ်ပေမယ့် ပန်းချီအရာမှာ နေရာ တစ်ခု စိုက်စိုက်မတ်မတ် ထူထောင်ပြီးခဲ့သူ။ အနုပညာ လောကမှက
ဟိုဟာကောင်းနိုး၊ ဒီဟာဟုတ်နိုးနဲ့ စမ်းတဝါးဝါး လျှောက်လှမ်းနေသူတွေလည်း အပုံအပင် ရှိနေတယ် ဆိုတော့ အဲဒီလို မျက်နှာသစ်ပန်းချီသမားနုနုန
အကြံဥာဏ်ကောင်းတွေ ပေးနိုင်မယ် ထင်ရဲ့။

ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ
ကောင်းမှာပါလိမ့်လို့ အတွေးတွေ
ဆန့်ထွက်နေမိတယ်။ ပိုကောင်းတာကို မမြင်တတ်သေးသရွေ့တော့ ကိုယ်လုပ်တာကိုပဲ
အကောင်းဆုံးလို့ အထင်ရောက် နေမှာ အသေအချာ။ ဒါကြောင့် ပိုကောင်း တာကို မြင်
အောင်ကြည့်ဖို့ ကျွန်မသင်ခန်းစာရလိုက်မိတယ် ။
ရန်ကုန် နဲ့ မန္တလေးမှာရော ဘယ်ဟာ ပိုကောင်းနေပြီလဲ။ ရန်ကုန် ပန်းချီလောကနဲ့
မန္တလေးပန်းချီလောက၊ ဘာက ပိုကောင်းလို့ ဘယ်ဟာက အကောင်းဆုံးဖြစ် နေပြီလဲ
သိချင်လာပြန်တယ်။
'မန္တလေးပန်းချီလောကကို ပြောရမယ်ဆိုရင်တော့သိပ်ပြီး

တော့ကျေနပ်မှုမရှိလှဘူး။ ဘာလို့လဲဆိုတော့ ပြခန်းတွေ
ကောင်းကောင်းမရှိဘူး။ နောက်ပြီး ဝယ်ယူစုဆောင်းသူ၊
ကြည့်ရှုသူသိပ်ကို နည်းပါးတယ်။ပြောရမယ် ဆိုရင် လှုပ်ရှားမှုတော်တော်လေး နည်းတယ် (ကျွန်တော်တို့ အပါအဝ င်ပေါ့) ရန်ကုန်မှာဆို ပြပွဲ တွေ အများကြီး ရှိတယ်။ပြခန်းတွေကလည်း ပြပွဲတွေ အပြိုင်အဆိုင် လုပ်ကြတယ်။ နှစ်ပတ်လည်ပွဲတို့၊
မြို့ နယ်ပွဲတို့၊ group ပွဲတို့ လုပ်ကြတယ်။ အသစ်တွေရှိ လာတယ်၊
အမြဲတမ်းလှုပ်ရှားနေတာဆိုတော့ ရှေ့ကိုရောက်တာပေါ့ဗျာ။ မန္တလေးမှာက ပြခန်းတွေ ကောင်းကောင်းမရှိလို့
မလှုပ်ရှားနိုင်ဘူး။ တချို့ မန္တလေး ပန်းချီဆရာတွေ ကတော့ ရန်ကုန်ဆင်းပြီး
ပြပွဲလုပ်ကြ၊ လှုပ်ရှားကြတာတွေ့ရတယ်။ သူတို့လည်း ရှေ့ကို ရောက် သွားကြတယ်။
တကယ်ရောက်သွား ကြတယ်။ ရန်ကုန်က အရာရာပိုကျယ်ပြန့်တယ်လေ။ ဒီလိုမျိုး
မန္တလေး ပန်းချီလောကကို ဝေဖန်မိတာတော့ သိပ်မကောင်းလှဘူးပေါ့ဗျာ။ မင်းက
ဘာကောင်လဲ၊ မင်းကရော ဘာလုပ် ပေးနိုင်လို့လဲ ထင်သွားနိုင်တယ်။ ဒါကလည်း ကျွန်တော် ပန်းချီမျိုးဆက်သစ်တစ်ဦးအေ န နဲ့ မြင်တဲ့အတိုင်းလေး ပြောကြည့်လိုက်တာပါ။ ဆန္ဒ အမှန်က မန္တလေးပန်းချီ လောကကို ဒါ့ထက် ပိုတိုးတက်စေချင်တာပါ ပဲ။ အဘက် ဘက်ကပေါ့။ ပန်းချီဆရာ တွေကိုလည်း လွတ်လပ်စွာဖန်တီးခွင့်နဲ့ အတူ၊ အားလုံးကို လက်ရှိ အနေအထားထက်ပို ပြီးအဆင်ပြေစေချင်တယ်။ ရန်ကုန်လိုပဲ မန္တလေး ပန်းချီလောကကိုလည်း ပြခန်းတွေ၊
အရောင်းအဝယ်တွေ၊ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လှုပ်ရှားမှုတွေ
အများကြီးနဲ့ အသက်ဝင်လာပြီး ရန်ကုန်လို ရွေ့နေစေချင်တယ်'
အားမလိုအားမရစိတ်၊ မန္တလေးကိုချစ်တဲ့စိတ်တွေနဲ့ အတူ သူနေတဲ့မန္တလေးကို မြို့ပြရန်ကုန်လို ခပ်လှလှ ဖြစ်စေချင်တဲ့ သူ့သဘောကို စာနာနားလည်မိလိုက်တယ်။
မန္တလေးဟာ ရန်ကုန်လို ပန်းချီရေးရာလှုပ်ရှားမှု တွေနဲ့ လှလှပပဖြစ်ပါစေလို့ အသံတိတ်ဆုတောင်းပေး လိုက်တယ် ။ ပန်းချီလှုပ်ရှားမှုအပိုင်းမှာ ရန်ကုန်လောက် သိပ်မရွေ့တဲ့
မန္တလေး၊ အဲဒီမန္တလေးမှာ သူကရော ဘယ်လိုဆက်ပြီး စီးမျောသွားမှာလဲ . . .။
' ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်တဲ့ ရေးဟန်စတိုင်ကို ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည်နဲ့ ဆက်ရေး သွားမယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်မယ်လို့ စိတ်ထဲမှာထားပြီး လုပ်ကိုင်မယ်။ ကျွန်တော့် ပန်းချီကားတွေ ရောင်းရသည်ဖြစ်စေ၊ မရောင်းရဘဲ ကျန်နေသည်ဖြစ်စေ ကိုယ်ယုံကြည်တာကို အစဉ် တစိုက် ရေးဆွဲသွားမယ်။
လွတ်လပ်သန့်ရှင်းတဲ့စိတ်နဲ့ ပဲ ပန်းချီကို အားထုတ်ဖန်တီးသွားမယ်။ ကျွန်တော်က ဟိတ်ဟန်တွေထုတ်ပြီး မဖြတ် သန်းချင်ဘူး၊ ရိုးရိုးလေးပဲ ဖြတ်သန်းချင်တယ်'
List of Art Exhibition
2004-New Generation art exhibition Kuthodaw art gallery, Mandalay.
2006-Pan Zan art exhibition Kuthodaw art gallery, Mandalay.
2006-New Generation 2 art exhibition Kuthodaw art gallery, Mandalay.
2006-Tears Color art exhibition, Lawkanat art gallery, Mandalay.
2006-Five Series art exhibition,Kuthodaw art gallery,Mandalay.
2006-Classic and Contemporary fine art show,Yadanapon art gallery,Yangon.
2006-All Myanmar art exhibition, City Hall, Mandalay.
2008-Art for Help, donation art exhibition, Panthusandar art gallery,Mandalay.
2008-Nargis donation art exhibition,Lawkanat art gallery,Yangon.
2009-Direction Three art exhibition, Mandalay.
2010-Unity art exhibition Kuthodaw art gallery, Mandalay.
2010-Kathain donation art exhibition, Sinphyudaw art gallery, Mandalay.
2010-My Friends Mandalay art exhibition, Yangon.
2011-The Seeder art exhibition, Thiriwuttsa, Mandalay.
2011-Six Senses art exhibition,Yangon
2011-Our Beloved Mandalay art exhibition, Damatharla Hall, Mandalay.
2012-Rhythm art exhibition, Sinphyudaw art gallery, Mandalay.
2013-Winner Travel art exhibition, Myanmar Ink art gallery, Yangon.
2013-Feburary Dearum art exhibition, Kuthodaw art gallery, Mandalay.
address : No.168/1, 84th Street, 32ndx 33rd st, Mandalay, Myanmar
phone : 09 43003340, e-mail:nayzawartist@gmail. com
ဂျူနီယို
ကြည့်ရှုသူသိပ်ကို နည်းပါးတယ်။ပြောရမယ်
အမြဲတမ်းလှုပ်ရှားနေတာဆိုတော

မန္တလေးဟာ ရန်ကုန်လို ပန်းချီရေးရာလှုပ်ရှားမှု တွေနဲ့ လှလှပပဖြစ်ပါစေလို့ အသံတိတ်ဆုတောင်းပေး လိုက်တယ်
မန္တလေး၊ အဲဒီမန္တလေးမှာ သူကရော ဘယ်လိုဆက်ပြီး စီးမျောသွားမှာလဲ . . .။
' ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်တဲ့ ရေးဟန်စတိုင်ကို ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည်နဲ့ ဆက်ရေး သွားမယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်မယ်လို့ စိတ်ထဲမှာထားပြီး လုပ်ကိုင်မယ်။ ကျွန်တော့် ပန်းချီကားတွေ ရောင်းရသည်ဖြစ်စေ၊ မရောင်းရဘဲ ကျန်နေသည်ဖြစ်စေ ကိုယ်ယုံကြည်တာကို အစဉ် တစိုက် ရေးဆွဲသွားမယ်။
လွတ်လပ်သန့်ရှင်းတဲ့စိတ်နဲ့
List of Art Exhibition
2004-New Generation art exhibition Kuthodaw art gallery, Mandalay.
2006-Pan Zan art exhibition Kuthodaw art gallery, Mandalay.
2006-New Generation 2 art exhibition Kuthodaw art gallery, Mandalay.
2006-Tears Color art exhibition, Lawkanat art gallery, Mandalay.
2006-Five Series art exhibition,Kuthodaw art gallery,Mandalay.
2006-Classic and Contemporary fine art show,Yadanapon art gallery,Yangon.
2006-All Myanmar art exhibition, City Hall, Mandalay.
2008-Art for Help, donation art exhibition, Panthusandar art gallery,Mandalay.
2008-Nargis donation art exhibition,Lawkanat art gallery,Yangon.
2009-Direction Three art exhibition, Mandalay.
2010-Unity art exhibition Kuthodaw art gallery, Mandalay.
2010-Kathain donation art exhibition, Sinphyudaw art gallery, Mandalay.
2010-My Friends Mandalay art exhibition, Yangon.
2011-The Seeder art exhibition, Thiriwuttsa, Mandalay.
2011-Six Senses art exhibition,Yangon
2011-Our Beloved Mandalay art exhibition, Damatharla Hall, Mandalay.
2012-Rhythm art exhibition, Sinphyudaw art gallery, Mandalay.
2013-Winner Travel art exhibition, Myanmar Ink art gallery, Yangon.
2013-Feburary Dearum art exhibition, Kuthodaw art gallery, Mandalay.
address : No.168/1, 84th Street, 32ndx 33rd st, Mandalay, Myanmar
phone : 09 43003340, e-mail:nayzawartist@gmail.
ဂျူနီယို