Sunday, May 11, 2014

Studio Square မှာပြသမဲ့ တော်တီဆွေ၏ ခြစ်ခြင်းများ


ကာတွန်းဆရာ တော်တီဆွေရဲ့ 35 နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပုလဲကွန်ဒို၊ ဆရာစံလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်၊ ရန်ကုန်မှာရှိတဲ့ Studio Square ပန်းချီပြခန်း မှာ သူရေးဆွဲခဲ့တဲ့ သူ့ရဲ့မိတ်ဆွေတွေရဲ့ ရုပ်ပုံများကို 18 ရက်၊ မေလ၊ 2014 (တနင်္ဂနွေနေ့)၊ နေ့လည် 12 နာရီမှ 6 နာရီထိ(တစ်ရက်တည်းသာ) ပြသမယ်လို့ သတင်းရရှိပါတယ်။
ပြပွဲမှာ ရောင်းချလို့ရတဲ့ ပိုက်ဆံတွေကို ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေအတွက် အလှူအတန်းပြုလုပ် မှာဖြစ်ကြောင်း ပန်းချီချစ်သူ၊ ကားတွန်းချစ်သူများအတွက် သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

Posted by : စိုင်းမောင်မောင်

ဘာကိုပန်းချီလို့ခေါ်မှာလဲ…..(2) ပြပွဲများ




 ပြတိုက်တွေပြခန်းတွေက လုပ်နေတဲ့ အနုပညာခင်းကျင်းတင်ပြမှုတွေဟာ ကျနော့်မျက်စိထဲတော့…ဘယ်နိုင်ငံဘယ်နေရာမှာဆိုတဲ့လက်ရှိအခြေနေကိုမေ့လျှော့သွားစေတယ်… ဘာလို့လဲဆိုတော့ အနုပညာခင်းကျင်းပြသတယ်ဆိုတာဘယ်နိုင်ငံမှာမဆိုအခြေခံအချက်တွေက အတူတူမို့ပဲ။ မြန်မာပြည်မှာလုပ်ကိုင်နေကြတဲ့အနုပညာတင်ဆက်မှုတွေလည်း ဒီသဘောပဲလို့တွေးမိလာတယ်..နောက်ပီးလက်ရာတွေတချို့ဟာ မြန်မာပန်းချီဆရာလူငယ်တချို့လက်ရာတွေနဲ့ ယှဉ်ထိုးမြင်မိနေတယ်။ ဒီတော့…အားလုံးတပြေးညီပြောင်းလဲနေတဲ့ခေတ်ဖြစ်တာမို့ အဆင့်တန်းအနေနဲ့ဆိုရင် မြန်မာဟာ စီးပွားရေးနိုင်ငံရေးဘယ်လိုဆိုတာထား…အနုပညာမှာနောက်မကျဖူးလို့ မြင်လာပါတယ်။ လုပ်ကိုင်နိုင်စွမ်း၊နားလည်နိုင်စွမ်းနဲ့…ခံစားမှုအတိုင်းတာမှာ အာရှတွေအားလုံးအတိုင်းတာလောက်တော့တပြေးညီအဆင့်တန်းမီတာသေချာပါတယ် နမူနာတွေပြပါ့မယ်…။ ဒါပေမယ့်ဘာတွေကတန်းတူယှဉ်နိုင်တဲ့အခြေနေရှိပီး ဘာတွေနောက်ကျ လိုအပ်နေသလဲဆိုတာ ခွဲခွဲခြားခြားပြောဖြို့လိုပါတယ်…။ ဆက်ဖတ်ရင်း…ဥပမာတချို့နဲ့ပြောပြမယ်။ ပြပွဲတွေအကြောင်းနဲ့ လက်၇ာတွေအပေါ်အမြင်တွေက ရောနှောစုပေါင်းရေးဖို့ မလွယ်တာတွေ့ရတယ်…သိပ်များပြားလှပါတယ်။ မြင်သမျှပုံတွေ ရိုက်တင်လိုက်လို့ရပေမယ့် ဒါဟာပြောချင်တဲ့အနုပညာကိစတွေ ကြည့်သူအကုန်ရရှိဖို့ မသေချာပါဘူး…မှတ်တမ်းလောက်ပဲရမယ်)..ဘာလို့လဲဆိုတော့ လက်ရာတချို့က ဓာတ်ပုံရိုက်ယူလို့ မြင်ရတဲ့ပုံလောက်ကို ရည်ရွယ်ပြသထားတာမဟုတ်လို့ပါပဲ (ပြုလုပ်ထားပုံ၊ အဆပ်အစပ်၊ နေရာ၊ အချိန်တိုင်ပင်၊ အင်တာအက်တစ်…စသည်)။
မီဒီယံအစွဲလမ်း…..။။
ပထမဆုံး သိပ်ကြွေစရာကောင်းတဲ့ လက်ရာတချိုနြဲ့ မိတ်ဆက်ပေးပါမယ်။ ဒါကတော့ အသုံးပြုပစ`စည်း…. (မက်တီးရီးယယ်)ကိစကိုပြောလို့အကောင်းဆုံးပါပဲ။
ရောဘတ်လောင်ဂို…။ နယူးယော့ရဲ့အနုပညာရပ်ကွက် ပြခန်းတွေရာချီရှိတဲ့ ချယ်ဆီးဧရိယာမှာ တချိန်ထဲ ပြခန်းနှစ်ခုတပြိုင်ထဲပြနေတဲ့ ပန်းချီဆရာပါ…နာမည်အတော်ကြီးတယ်၊ လက်ရာကလည်း အံ့မခန်းပါပဲ။ သူရေးတာက ခဲမှုန့်ပန်းချီပါ (ချာကို) ပေါ့လေ။ အဲလိုပြောလိုက်တော့ နဲနဲအထင်သေးမသွားဘူးလား….ဟားဟား။ မသေးနဲ့ဗျို…သေသွားနိုင်တယ် လက်ရာနဲ့ တင်ပြပုံက၊ ဒီလို….ပထမပြခန်းမှာ ၀င်ဝင်လိုက်ချင်း…ဒီကူးနင်းပန်းချီကားကြီးမြင်ရသဗျ…သေချာကြည့်တော့ အဖြူအမဲကြီး…ဟင်ဘာလဲပေါ့…နောက်တော့အထဲဝင်လိုက်တာ…ဂျက်ဆင်ပိုးလော့…ဂျက်စပါဂျွန်…ရောဇန်ဘာ့ခ်…ရိန်းဟာဒ်..မာ့ရို့ကို…စတေးလ်…နယူးမင်း…စသူတို့ရဲ့ လက်ရာတွေအကုန်တွေ့ရသဗျ…. လုံးဝမူရင်းအရွယ်အတိုင်း မူရင်းအရသာ…ထပ်ပိုဆောင်းတဲ့အရသာက အဲဒီ (ချာကို) မီးသွေးမှုန့်တွေပါပဲ။ ဒီမှာတင် လက်ဖျားခါသွားတယ်…
အတွေးထဲလဲ…မူရင်းကိုထပ်တူကုးချခြင်း….မီဒီယံအသုံးပြုပုံ… တစ်စုံတစ်ခုကိုဆုပ်ကိုင်ထားသော်လည်း…ပေးတဲ့အရသာ…အကြောင်းရာနဲ့တင်ပြပုံမှာစင်္ကြ၀ဠာလာက်ချဲ့ထွင်နိုင်တာကို ပြောချင်တာ။ ဒီနေရာမှာ သူ့ပြပွဲခေါင်းစဉ်က (ဂန်းဂ်အော့ဖ်ကော့စမိုစ်)ပါ ရိုးရိုးဒဲ့ပဲပြန်ရရင်တော့ စင်္ကြ၀ဠာဂိုဏ်း (အုပ်စု)နေမှာ ပေါ့ဗျာ…(ဆရာကြီးတွေပြောသလို မှားရင်ပြင်ပေးပါပေါ့)။ မူရင်း(အေဘီအီးအိတ်ထ်)ဆရာကြီးတွေဘယ်လိုရေးခဲ့တယ်ဆိုတာ လေ့လာဖူးသူတိုင်းသိကြမှာပါ…အဲလိုအမျိုးမျိုးဖီလော်တွေ စိတ်တွေနဲ့လုပ်ချင်သလိုလွှတ်လုပ်ခဲ့ကြတဲ့ ဒီနယူးယော့ဂိုဏ်း သမိုင်းမှတ်တိုင်တွေကို…သူကပြန်ပြောပြတာ…ဘာသာစကားတစ်မျိုးနဲ့ပါ…အနေထားတမျိုးနဲ့ပါ။ နောက်ပြီး မီဒီယံတစ်ခုဟာ…ဘယ်လောက်ထိချဲ့ထွင်သုံးနိုင်မလဲဆိုတာရယ်….သူကျွမ်းကျင်ပုံကိုပြချင်တာထက်…သမိုင်းမှာရှိခဲ့တဲ့အရာဟာ…သမိုင်းဆိုပီးထားခဲ့ဖို့သင့်မသင့်၊ နောက်ပီး သူ့အရင် ရှရီလဗိုင်းတို့လို..မူရင်းကို ဓာတ်ပုံရိုက်ပီး သူ့လက်ရာအဖြစ်တင်ပြတာတွေကို တခြားပုံစံပြန်လုပ်ပြတာ…စသည်ဖြင့် စဉ်းစားပုံထောင့်စုံဖြစ်လာစရာတွေရှိလာပါတယ်။
မီဒီယံချပေးတဲ့အနှောင်ဖွဲ့ကရုန်းဖို့…..။။
သူ့အကြောင်းက ဒီမှာတင်မပြီးသေးပါ….နောက်တစ်လမ်းပြခန်းတစ်ခုသူ့ပြပွဲလဲရောက်ရော….၀င်ဝင်ချင်းပြခန်းထဲ ဂျက်စပါဂျွန်ရဲ့ အမေရိကန်အလံကြီး ချာကိုပန်းပုကြီးတစ်ခုအဖြစ် ပြခန်းကြမ်းပြင်ထဲ တစ်ဝက်စိုက်လို့..တည်ဆောက်ထုလုပ်ထားတယ်…ပြပွဲခေါင်းစဉ်က နေသို့ထိုးထွက်ခြင်း...။သစ်ရယ်စတီးလ်သံဖရိန်ရယ်ဆေးရယ်ချာကိုမှုန့်တွေတန်နဲ့ချီပြီးသုံးထားတဲ့ ဒီလက်ရာကြီးက ပေ၃၀ ပေ၂၀အမြင့်လောက်ရှိပါတယ် ပုံမှာကြည့်ပါ။ လုံးဝ ဂျက်စပါဂျွန့်ရေးချက်တွေ….အတိုင်း ဆေးတွေကော်တွေချာကိုမှုန့်တွေဖုထစ်ထွက်နေတဲ့မျက်နှာပြင်လုပ်ချက်တွေပါပါတယ်….။ ခဲမှုန့်ပန်ချီအကြောင်းဒီလောက်ရှည်ရှည်ပြောနေရတာဘာကြောင့်လဲ ရိပ်မိနေလောက်ပါပြီ။ ဒီတော့ နောက်တစ်ခန်းဝင်လိုက်တာ…မေ့မြောလောက်စရာတစ်ခုတွေ့ပါတယ်…ပုံမှာကြည့်ရင်တွေ့မှာပါ…အိမ်ဖြူတော်မြင်းကွင်းကျယ် (ပါနိုရာမား) ခန်းလုံးပြည့် မီးမှိန်မှိန်ထဲ..အဖြူနဲ့အနက်ထဲ…။ တကယ်တော့ ဓာတ်ပုံရိုက်ပြီး အဲလောက်ချဲ့ထုတ်ပြလဲရတာပဲ….ဒါပေမယ့် ချာကိုကိုပြထားတာ…ပုံတူပွားရေးဆွဲခြင်းဘာသာစကားတစ်ခုလို့ဆိုနိုင်မှာပါ။
ဒီလိုစဉ်းစားကြညိ့ရအောင်… ပန်းချီတစ်ခုဖန်တီးဖို့….အသုံးပြုခံအရာများရဲ့ ပါဝင်ပတ်သက်မှုဟာ…သူရွေးတဲ့အကြောင်းရာကြောင့် အရေးပါလာတာရှိသလို မှေးမှိန်သွားတာလဲရှိမယ်။ကျနော့်အသူအဆအရ..သူဟာ ရိုးရှင်းတဲ့မီဒီယံနဲ့ လက်ခံဆဲဘောင်တွေကို ကျော်လွန်လုပ်ပြခြင်းတစ်ခုပဲဖြစ်တယ်….ဒြပ်မဲ့ဆရာကြီးတွေရဲ့ရေးချက်ကို အတိအကျတုပလုပ်ပြတာဟာ….ဒြပ်မဲ့မဟုတ်တဲ့ ဟိုက်ပါရီရယ်လစ်စတစ် တင်ပြပုံဖြစ်တယ်။ အိမ်ဖြူတော်ရှုခင်းဓာတ်ပုံကြီး ပြန်ရေးခြင်းဟာ ကင်မရာထွက်အရုပ်ရဲ့ ကဏ္ဍကို ပန်းချီကတုန့်ပြန်ပုံတစ်ခုဖြစ်တယ်….အထူးသဖြင့် အစ်ဇင်တွေဖြစ်တဲ့..အင်ပရက်ရှင်တို့ အိတ်စပရက်ရှင်တို့ စတာတွေကနေလွန်မြောက်ခြင်းဖြစ်တယ်။။ တဖန် ရေးနိုင်တဲ့လက်စွမ်းကိုပြတာလည်းမဟုတ်…ပဲ အဲဒါတွေကနေကျော်လွန်ပြီး….ရွေးတဲ့အကြောင်းရာတွေက ပြန်ပေးတဲ့ထပ်ဆင့်အရသာကို ပြခြင်းဖြစ်တယ်…ဥပမာ ဒြပ်မဲ့က (လူ့စိတ်အခြေပြု)..စုတ်ချက်ကြမ်းတမ်းတွေ ဆေးစက်စင်သွားတဲ့ထုအရိပ်လေးတွေ၊ နောက် ဓာတ်ပုံကိုပြန်ကူးတဲ့လက်ရာမှာလည်း(သိပံနည်းပညာရဲ့အလုပ်)…ကင်မရာမှန်ဘီလူးက တစ်နေရာကိုဖိုးကပ်ဖြတ်ထားပေမယ့်တချို့လှုပ်ရှားနေတဲ့သစ်ပင်လို ကျန်တဲ့ရှိုတ်ဖြစ်သွားတာလေးတွေကို သူ့အတိုင်းပြန်ပြောပြခြင်းမျိုးဖြစ်တယ်။ ဒါပေမယ့် ဒြပ်မဲ့ပန်းချီကားအစစ်ကြီးကြည့်တာ၊ ဓာတ်ပုံအစစ်ကြီးချဲ့ထားတာကိုကြည့်တာနဲ့ ရလဒ်မတူပါဘူး။
ဒီတော့ ပန်းချီလုပ်နေသူတွေအတွက် နမူနာကောင်းတစ်ခုဖြစ်မယ်လို့ ယူဆပါတယ်။ ဟိုက်ပါရီရယ်လစ်ဟာ ဒီမှာလည်းခေတ်စားပါတယ်(အခြားဟိုက်ပါပန်းချီပွဲပုံလေးတွေတင်လိုက်ပါမယ်)…သူ့မှာအနုပညာခေတ်ကို တန်ပြန်စိန်ခေါ်ချက်တွေပါလို့ပါပဲ…အရင်.ဒြပ်မဲ့တွေအမျိုးမျိုးနဲ့အီလာတဲ့ခေတ်ကို ပြန်ကယ်ထားတယ်ဆိုရမှာပါ…ဒါပေမယ့် ဟိုက်ပါတွေမှာအပြိုင်ဆိုင်အရမ်းများပါတယ်။ ပုံတစ်ခုတူအောင်ရေးတာဟာ အခြားလက်ခံဆဲ…အလှကြည့်ခံစားရန်အပြင်ပေးတဲ့အခြားအရာတွေအများကြီးရှိနိုင်ပါတယ်…အဲဒီအခြားအရာတွေက ကိုယ့်ကိုပြဌာန်းပါလိမ့်မယ်…ဒီကနေ့ဟိုက်ပါရီရယ်လစ်တုအောင်ရေးနိုင်ကြသူတွေများစွာထဲမှာ ပေါက်ထွက်လာပါလိမ့်မယ်။
(ကျနော့်ကိုယ့်ကိုယ်ကိုပြန်သိမြင်ခဲ့တာလို) ရေးဆေးမှာ ရေပေါ်ကိုဆေးစက်ကလေးတင်လိုက်လို့ ပြန့်သွားတဲ့ဆေးဖွယ်ဖွယ်လေးမျိုး၊ ရေဆေးပါးပါးလေးတွေထပ်သုတ်လို့ကြည်ပြီးအရောင်ထပ်လေးတွေရောနေတာမျိုးစသဖြင့်ကို ဘာနဲ့မှမလဲနိုင်ပဲကြိုက်နေတာ ကျနော်ဘာမှပြောစရာမရှိပါ…လက်စွမ်းထက်လာလို့ လက်ရာများများထုတ်တာလည်းပြောစရာမရှိပါဘူး၊ လက်ရှိခေတ်အခြေနေကို ဘာတွေပြောင်းလဲရိုက်ခတ်အောင်လုပ်နိုင်မလဲဆိုတာသာပြောစရာရှိပါတယ်…။
ပန်းချီခေတ်ကိုဆက်လက်ထမ်းပိုးသွားမယ့် ဖျက်လတ်တတ်ကြွနေတဲ့မိတ်ဆွေရဲဘော်လေးတွေ…ဘယ်လိုမျိုးကို စံအဖြစ်လေ့လာနိုင်မလဲသာအရေးကြီးပါတယ်...(နာမည်ကြီးခေတ်ပြိုင်လက်ရာတွေအတိုင်းဆင်တူရိုးမှားလိုက်လုပ်ဖို့ထက် ကိုယ့်အကြောင်းအရာကိုယ်ပိုင်ရှာဖို့..ကျောင်းတွေတကသိုယ်တွေမှာသင်စေချင်ပါတယ်)…နိုင်ငံခြားကအွန်လိုင်းလင့်ခ့်တွေများများလေ့လာနိုင်သော်လည်း….အဲဒါနိုင်ငံခြားပဲ…ကိုယ့်မြေကိုယ့်ရေကဒါမျိုးမဟုတ်ဘူးထင်မြင်နေကြရင်လည်း…မဟုတ်သေးဘူးလို့မြင်ပါတယ်….။
လွတ်လပ်စွာအခင်မင်မပျက်ကွဲလွဲနိုင်ကြပါစေသော်….။
(ဆက်ဦးမယ်)
(နောက်တစ်ပတ်မှာ…တရုပ်ကြီးအိုက်ဝေေ၀ပွဲ အတွေ့အကြုံလေးတွေရေးလိုက်ပါမယ်….သူ့နိုင်ငံမှာ နိုင်ငံရေးသမားလောက်သာသိကြကြောင်း အတူတူသွားကြည့်တဲ့ တရုတ်၊ တိုင်ဝမ် မိတ်ဆွေတွေတောင် သူ့ကို ကြိုက်လှတယ်မဟုတ်ကြောင်းတွေကအစပေါ့လေ…)း)။
အောင်မြတ်ဌေး
(မေ ၁၁၊ ၂၀၁၄)

Saturday, May 10, 2014

ဆရာကြီးဦးငွေကိုင်ရဲ့ ရေဆေးလက်ရာ


Myanmar Art 2014 သင်းလုံးကျွတ်ပန်းချီပန်းပုပြပွဲ

 
 
မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)သင်းလုံးကျွတ်ပန်းချီပန်းပုအနုပညာပြပွဲ အစည်းအဝေး.၁ /၂၀၁၄ အစည်းအဝေး အရ Myanmar Art 2014 ဆိုပြီးတော့ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပုပြပွဲ ကျင်းပဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။

Myanmar Art 2014 သင်းလုံးကျွတ်ပန်းချီပန်းပုပြပွဲ အတွက် ကဒ်သလောက်ပြုလုပ်ရန်(15-7-2014)ရက်နေ့နောက်ဆုံးထား၍ပေးပို့ရမယ်လို့ သိရပါတယ်။ 

ပန်းချီကားကိုအကြီးဆုံး ၄ပေ ပတ်လည် အသေးဆုံး ၁ပေခွဲ ၂ပေ ဖြစ်ပြီးရေဆေး ၁၅လက်မ ၂၂လက်မ(သို့)၂၂လက်မ ၃၀လက်မ ပေးပို့ရမယ်လို့လည်းသိရပါတယ်။

Myanmar Art 2014 သင်းလုံးကျွတ်ပန်းချီပန်းပုပြပွဲမှာ ကလေးပန်းချီလက်တွေ့ရေးဆွဲပွဲပါ .ပါကြောင်း သတင်းကောင်းပေးလိုက်ပါတယ်။ 

Posted by : စိုင်းမောင်မောင် 

အနုပညာအထက်တန်းကျောင်း (ရန်ကုန်/ မန္တလေး) (ပန်ချီပန်းပုကျောင်း/ပန်တျာကျောင်း) ပထမနှစ်သင်တန်းသားသစ်များ ခေါ်ယူ

အနုပညာအထက်တန်းကျောင်း (ရန်ကုန်/ မန္တလေး)
(ပန်ချီပန်းပုကျောင်း/ပန်တျာကျောင်း)များ၏
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက်
ပထမနှစ်သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိနေပါသည်။
အခြေခံပညာအလယ်တန်း(သတ္တမတန်း)အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလိုသူများအနေဖြင့်
အနုပညာအထက်တန်းကျောင်း (ရန်ကုန်)
အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း။
၀၁- ၅၅၅၆၄၂၊ ၀၁- ၅၅၄၆၉၅
အနုပညာအထက်တန်းကျောင်း (မန္တလေး)
၂၀x၂၁ လမ်းကြား၊ ၆၆ လမ်း၊ နန်းရှေ့၊ မန္တလေး။
၀၂- ၆၁၁၆၉၊ ၀၂- ၆၁၁၇၀
များသို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
တက်ရောက်နိုင်သောသင်တန်းများမှာ......
- ပန်းချီပညာ
- ပန်းပုပညာ
- မြန်မာ့ရိုးရာ အကပညာ
- မြန်မာ့ရိုးရာ အဆိုပညာ
- မြန်မာ့ရိုးရာ အတီးပညာရပ်များဖြစ်သည်။
ပန်းချီပန်းပုသင်တန်းများအတွက် လိုအပ်သောပစ္စည်းများကို
ကျောင်းမှ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
ထပ်မံသိရှိလိုသည်များရှိပါက မေးမြန်းနိုင်ပါသည်။

Friday, May 9, 2014

Myanmar Water Colour Society မှ ကျင်းပမယ့် ရေးဆေးပန်းချီပြပွဲ


ကျွန်တော်တို့၏ Myanmar Water Colour Society
အ နေဖြင့် ဖိတ်ခေါ် ရေဆေးပန်းချီ ပြပွဲ မန္တလေးတွင်ပြသရန် စတင် လှုပ် ရှားစီစဉ်ဆောင်ရွှက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ ပထမအကြိမ်ပါဝင်ပြသ ပေးနိုင် ပါရန် ဖိတ်ခေါ် အပ်ပါသည်..........

ပါဝင်ပြသနိုင် ရန် .........
အောက်ပါအစီအစဉ်များချမှတ်ထားပါသည်။

၁။ ။တစ်ဦးလျှင် ၂၀ X ၃၀ လက်မ( သို့ ) ၁၅ X ၂၀ လက္မ
ပန်းချီကားတစ်ချပ်..........

၂။ ။ပြပွဲကတ်တလောက်နှင့် ပန်းချီကားဘောင် အပါဝင်
ကုန်ကျစရိတ်တို့အား အသင်းမတည်ငွေ မှ
အကုန်ကျခံ ဆောင်ရွှက်သွားပါမည်.......

၃။ ။သြဂုတ်လ ပထမပတ်အတွင်းပြပွဲ ပြသနိုင် ရန်
စီစဉ်ဆောင်ရွက်သွားပါမည်.......

၎။ ။ပန်းချီကားများကို ( ၂၅ ၊ ၇ ၊ ၂၀၁၄ ) ရက်နေ့
အ ရောက် ပေးပို့ရန် နှင့် ကတ်တ တလောက်ပြု
လုပ်နိုင် ရန် အချက်လက်ပြည့် စုံစွာဖြည့်သွင်း
ပေးရပါမည်.........

၅။ ။ပြပွဲတွင် ပန်းချီကားရောင်းချရပါက အသင်းရန်ပုံငွေ
ထည့်ဝင် ရပါမည်.......

၆။ ။ အသင်းသားအဖြစ် ပါဝင်ဆောင် ရွက်လိုပါက
မိမိဆန္ဒအ လျောက် လျှောက်ထားနိုင် ပါသည် ........

မျိုးဆက်သစ်လူငယ်များအတွက် ဒုတိယအကြိမ်စီစဉ်
်ဆောင်ရွက် သွားပါမည် .......

ဆက်သွယ်အကြောင်းကြားရန်

၁။ ဦးဇော်ဝင်း ၀၉ ၄၀၂၅၉၉၁၀၈
၂။ ဦးမာလာ ၀၉ ၃၃၃၀၃၇၁၆
၃။ ဦးခင်မောင် စန်း ၀၉ ၂၀၂၆၅၅၂


Posted by: စိုင်းမောင်မောင်

Thursday, May 8, 2014

1853 မှာ ဆွဲတဲ့ Sir Henry Yule ရဲ့ ပြည်ရွှေဆံတော်ဘုရား ရေဆေးပန်းချီပါ


Watercolour with pen and ink of the approach to the Golden Pagoda at Prome in Myanmar (Burma) by Sir Henry Yule (1820-1889) and dated March 1853. Inscribed on the front in watercolour: 'North Approach of the Golden Pagoda at Prome. March, 1853.'
BL