Wednesday, May 7, 2014

Seven Mind Art Exhibition ဖွင့်ပွဲ


ရဲနှောင်း၊ တော်တီဆွေ၊ ကျော်ကိုကို၊ မျိုးမြင့်ထွန်း၊ မင်းသီဟမွန်၊ မြင့်စိုးဦးနဲ့ နှင်းဒါလီအောင်တို့ သူငယ်ချင်းတွေစုပြီး ပြသမယ့် Seven Mind ဆိုတဲ့ ပန်းချီပြပွဲလေးကို မေလ 7 ရက်ကနေ 11 ရက်နေ့အထိ ဗိုလ်ဆွန်ပတ်လမ်း(အပေါ်ဘလာက်)က New Idea ပန်းချီပြခန်းမှာ နံနက် 9 နာ၇ီကနေ 5 နာ၇ှိအထိ 5 ရက်ပြသမှာဖြစ်ပါတယ်။





Seven Mind Art Exhibition ဖွင့်ပွဲ မနေ့က(7-5-2014)ကစတင် ပြသစဉ် ပုံရိပ်အချို့
11-5-2014 (တနင်္ဂနွေနေ့)အထိဆက်လက်ပြသမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Ref: မြင့်စိုးဦး
Posted by: စိုင်းမောင်မောင်

ပန်းချီစကားဝိုင်း ( ၇ )

  အတူရေးကြတာ မှန်ပေမယ့် မတူတာတွေ ထွက်လာရတဲ့ အကြောင်းက အမျိုးမျိုး ရှိတာပေါ့။ ဆရာက သင်ပေးလိုက်တာတော့ တစ်မျိုးတည်းပါပဲ၊ အကြောင်းအရာကလည်း တစ်ခုတည်းပါပဲ။ ဒါပေမယ့် ခံယူမှု မတူကြဘူး၊ လိုက်နာမှု မတူကြဘူး၊ အကျင့်အကြံ မတူကြဘူး၊ အကြိုက် မတူကြဘူး၊ ခံစားမှု မတူကြဘူး၊ သုံးကြတဲ့ ပစ္စည်း (ဆေး၊စက္ကူ) မတူကြဘူး။ ဒါ့ကြောင့် ထွက်လာတဲ့ အဖြေကလဲ မတူကြဘူးပေါ့ဗျာ။ တစ်မျိုးစီပေါ့။
    "မကောင်းဘူးလား" လို့ မေးရင် "ကောင်းပါတယ်၊ တစ်မျိုးစီကောင်းတာပါ" လို့ ဖြေရမှာပါပဲ။
    "ဘယ်ဟာအကောင်းဆုံးလဲ" လို့ မေးရင် "အတူတူရေးကြသူတွေ အများဆုံးကြိုက်တဲ့ ပန်းချီကားကို အကောင်းဆုံးလို့ ပြောရင် ရမှာပါပဲ။ လူတိုင်းကြိုက်ချင်မှ ကြိုက်မှာပါ။ ပန်းချီဆရာ (၉)ယောက်အတူရေးလို့ (၆)ယောက်လောက် ကြိုက်တယ်ဆိုရင် မဆိုးဘူးပေါ့ဗျာ။ တခါတလေ ကိုယ်တိုင်မကြိုက်ပေမယ့် သူများက ကြိုက်နေတတ်တယ်။ ကိုယ်တိုင်က ကြိုက်နေပေမယ့် သူများက ကြိုက်ချင်မှ ကြိုက်မယ်။ အကြိုက်ဆိုတာ ကွဲပြားနိုင်တာပါပဲ။ ကွဲပြားခွင့်လဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ဆရာ ပြောဖူးတာလေးကို ကျွန်တော်လက်ခံတာပေါ့ဗျာ"
    "ခင်ဗျားဆရာက ဘာများ ပြောဖူးလို့လဲဗျ"
    "အော်. . . ဒီလိုပါ။ လူများလုပ်ကိုင်ဆောင်ရွက်ထားတဲ့ အနုပညာ ပစ္စည်းတစ်ခု (ပန်းချီကားပဲ ဖြစ်ဖြစ်၊ ပန်းပုရုပ်ပဲ ဖြစ်ဖြစ်) ကြည့်ပြီးရင် ကောင်းတယ်၊ မကောင်းဘူးပြောတာထက်စာရင် ကြိုက်တယ် မကြိုက်ဘူးပြောတာက ပိုသင့်တော်တယ် လို့ ပြောဖူးလို့ပါ။ ကြိုက်တယ် မကြိုက်ဘူးဖိုတာက ကိုယ်တစ်ယောက်တည်းနဲ့ ပတ်သက်နေတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ တခြားပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေရော ပါဝင်နေတတ်တယ် လို့ ပြောဖူးပါတယ်။ ဒါ့ကြောင့်လဲ ဆရာက  ပညာရပ်ပိုင်းဆိုင်ရာမှာ ဘာမှ နားမလည်တဲ့သူ တစ်ထောင် ချီးမွမ်းတာကို ကျေနပ်နေမယ့်အစား တတ်သိနားလည်သူ ပညာရှင်တစ်ဦးတစ်ယောက် အပြစ်ပြောတာကို လက်ခံနိုင်အောင် ကြိုးစားစေချင်တယ်" လို့ ပြောခဲ့ဖူးတာပေါ့။
    "ပန်းချီကားတွေကို အောက်ဒိုး (OUT DOOR) ထွက်ရေးကြတာ ဘာဖြစ်လို့လဲဗျ။ အင်ဒိုး (IN DOOR) ရေးလို့ရော မရဘူးလား။ အခုအချိန်မှာ ပန်းချီကားအောက်ဒိုး (OUT DOOR) ရေးသူရှားလာပြီ ထင်တာပဲဗျ။ ကျွန်တော်တို့ ဟံသာဝတီ သတင်းစာခေတ်က (OUT DOOR) ရေးနေသူတွေပါတဲ့ သတင်းတွေ ဖတ်ဖူးတယ်ဗျ။ အခု အဲ့လိုသတင်းမျိုး သိပ်မတွေ့ရဘူး။ ရေးရော ရေးကြသေးရဲ့လား"
    "ရေးကြပါတယ်ဗျာ။ ဒါပေမယ့် နည်းပါတယ်။ (OUT DOOR) ရေးနိုင်ဖို့က တော်တော်ကြိုးစားရတာဗျ။ ပန်းချီ၊ ပန်းပုကျောင်းတက်ပြီးမှ (OUT DOOR) ရေးရတဲ့ အရာဟာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလေလေ  ပိုပြီး ခက်ခဲနက်နဲလေလေ ဖြစ်လာတယ် ဆိုတာ သိလာရတယ်။ လိုက်လေ ဝေးလေပါပဲဗျာ"
    "ကျောင်းက အောက်ဒိုး (OUT DOOR) ရေးနည်း သင်မပေးလိုက်ဘူးလားဗျ"
    "ကျောင်းက အောက်ဒိုး(OUT DOOR) ရေးနည်း၊ အင်ဒိုး(IN DOOR) ရေးနည်း ဆိုပြီး သင်ပေးလိုက်တာ မဟုတ်ဘူးဗျ။ အခြေခံကျတဲ့ သဘောတရားတွေနဲ့ သဘာဝကို လေ့လာချဉ်းကပ်တဲ့နည်း၊ ရှာဖွေနည်းတွေကို သင်ပေးလိုက်တာဗျ။ ကျောင်းက ဆေးကျွေးတာ မဟုတ်ဘူး၊ ဆေးဖော်နည်း ပေးတာ။ ဟင်းပေးတာ မဟုတ်ဘူးဗျ၊ ဟင်းချက်နည်း ပေးတာ။ မီးခြစ်ပေးလိုက်တာ မဟုတ်ဘူး၊ မီးရအောင် လုပ်ကိုင်ဆောင်ရွက်တဲ့နည်း ပေးလိုက်တာပါ"
    (IN DOOR)အင်ဒိုးမှာ အရင်ဆုံး လေ့လာရတာက Point, Line, Shape, Form. .  ဆိုတဲ့ အစက်အပျောက်တွေ၊ မျဉ်းကြောင်းတွေ၊ ပုံသဏ္ဍာန်တွေနဲ့ ပုံသဏ္ဍာန်တွေကနေ ထုထည်ရအောင် လုပ်ကိုင်ရေးဆွဲနည်းတွေ သင်ပေးလိုက်တာ။ အဲ့ဒီလို ရေးတတ်ဖို့အတွက် Point ဆိုတဲ့ အစက်အပျောက်တွေကို ဆက်ရင် မျဉ်းကြောင်းတွေ ရတယ်။ မျဉ်းကြောင်းတွေကို ဆက်ရင် ပုံသဏ္ဍာန်တွေ ရတယ်။ ပုံသဏ္ဍာန်တွေကို ဆက်စပ်ရင် ထုထည်တွေကို ရတယ်ဆိုတဲ့ ရာထား တည်ဆောက်နည်းတွေကို အရင်သင်ရတယ်။ မျက်စိအလေ့အကျင့်၊ လက်အလေ့အကျင့်တွေရအောင် လုပ်ရတယ်။ ရပြီဆိုရင် OBJECT- ပစ္စည်းတွေကို စားပွဲပေါ်မှာတင်ပြီး ဆရာက ရေးခိုင်းတယ်။ ပုလင်း၊ အိုး၊ ယွန်းအစ်၊ ထုလုံးရှည်၊ အလုံး၊ လေးထောင့်၊ အဝိုင်း၊ ထုလုံးချွန်၊ ဆလင်ဒါ၊ ပိရမစ်ပုံ အစရှိတဲ့ အရာတွေကို ရေးရတယ်။ အဲ့ဒီပစ္စည်းတွေရဲ့ အချိုးအစား၊ နေရာယူမှုတွေကို မှန်ကန်အောင် ရေးဆွဲလေ့ကျင့်ရတယ်။ မျဉ်းကြောင်းသဘောအရ အဲ့ဒီအရာတွေ မှန်ကန်လာပြီဆိုရင်တော့ အဲ့ဒီပစ္စည်းတွေရဲ့ သဘောတွေ (အသားသဘော - TEXTURE ၊ အနုအရင့်သဘော - TONE ၊ အလေးချိန်သဘော - WEIGHT) တွေကို ခဲတံနဲ့ အရင် ရေးရတယ်ဗျ။
    အဲ့ဒါကြောင့်ထင်တယ်။ ကျွန်တော် ပန်းချီ၊ ပန်းပုကျောင်းရောက်တော့ အိုးတွေ၊ ခွက်တွေပဲ ရေးရေးနေတာ တွေ့ရတယ်။ အကြာကြီးရေးရတာလားဗျ။
    တော်တော်ကြာကြာ ရေးရတာပေါ့ဗျ။ အစပထမ ပုလင်းတစ်လုံးကို မျဉ်းကြောင်းအဖြစ် မြင်အောင်ကြည့်ရတယ်ဗျ။ မျဉ်းဖြောင့်၊ မျဉ်းကောက် ပါဝင်မှုတွေ၊ အနိမ့်အမြင့် အကျဉ်းအကျယ်တွေ မှန်ကန်အောင် လေ့လာ လေ့ကျင့်ရေးဆွဲရတယ်။ ဒါတွေ မှန်ကန်သွားပြီဆိုတော့မှ သူ့သဘော (အသားသဘော - TEXTURE ၊ အလင်းအမှောင်သဘော - LIGHT AND SHADE) တွေကို ထပ်ပြီး လေ့ကျင့်ရတယ်။ တစ်ရက်နဲ့ တစ်ရက်၊ တစ်နေ့နဲ့ တစ်နေ့ ပုလင်းတစ်လုံးကို လေ့လာရင်း လေ့လာရင်းနဲ့ မတူတာတွေကို မြင်လာရတယ်ပေါ့ဗျာ။ ဒါ့ကြောင့် ပန်းချီဆရာက " သူများမြင်တာကိုလဲ မြင်တယ်၊ သူများမမြင်တာကိုလဲ မြင်တယ် " လို့ ပြောတာပေါ့ဗျ။
    အဲ့ဒီ ပုလင်းတွေ ခွက်တွေကို ဘာဖြစ်လို့ ရေးရတာတုန်းဗျ။ တခြားဟာတွေ ရေးရင်ရော မရဘူးလား။
    ရပါတယ်ဗျာ။ အမြဲ မဖောက်မပြန်၊ မပြောင်းမလဲ တည်ရှိနေတယ့် မည်သည့် REGULAR ပစ္စည်းကိုမဆို ရေးလို့ရပါတယ်။ အဲ့ဒီ REGULAR တွေကို ရေးနိုင်ပြီဆိုရင် IRREGULAR လို့ ခေါ်တဲ့ ပစ္စည်းတွေကို ရေးဆွဲရတယ်။ လေ့ကျင့်ရတယ်။ အဲ့ဒါက STILL LIFE လို့ ခေါ်တဲ့ သက်ရှိ၊ သက်ငြိမ်ပစ္စည်းတွေကို ရေးဆွဲ လေ့ကျင့်ရတယ်။ ပန်းတွေ (ပန်းအမျိုးမျိုး)၊ သစ်သီးတွေ (အသီးအနှံမျိုးစုံ)ကို ရေးရတယ်။ ပန်းဆိုရင် မညှိုးနွမ်းခင်မှာ ရှိတဲ့ လတ်ဆတ်မှုတွေရအောင်၊ အသီးအနှံတွေဆိုရင် ပိန်ရှုံ့ခြောက်သွေ့ မသွားခင် လတ်ဆတ်မှုနဲ့အတူ ရှိနေတဲ့ အရောင်တွေကို ရအောင် လေ့လာရေးဆွဲရတယ်။ အဲ့ဒီဟာတွေရအောင် ရေးနိုင်ပြီဆိုမှ LANDSCAPE လို့ခေါ်တဲ့ မြေပြင်ရှုမျှော်ခင်းတွေကို ရေးရတာဗျ။
    ဒါဆိုရင် ရှုခင်းရေးဖို့ တော်တော်နဲ့ မလွယ်ပါလားဗျ။
    ဟုတ်တယ်။ ရှုခင်းမှာတောင် အမျိုးအစားအမျိုးမျိုး ကွဲသေးတာဗျ။
    - မြေပြင်ရှုခင်း - LANDSCAPE
    - တောင်ပေါ်ဒေသ ရှုခင်း - MOUNTAIN SCAPE
    - မြို့ပြ ရှုခင်း - TOWN SCAPE
    - ကျေးလက်ရှုခင်း - VILLAGE SCAPE
    - မြစ်ပြင် ရှုခင်း (မြစ်ဘေး၊ ချောင်းဘေး၊ မြစ်ဆိပ်၊ မြစ်ကမ်းရှုခင်း) - RIVER SCAPE
    - ပင်လယ်ပြင် ရှုခင်း - SEA SCAPE
    - သစ်တော ရှုခင်း - FOREST SCAPE အစရှိတဲ့ အရာတွေကို သိအောင်ရေးတာပေါ့။ ဒါ့ကြောင့် ပန်းချီဆရာတွေက မြို့ပြနဲ့ ဝေးတဲ့ ချင်းတောင်၊ အင်းလေး၊ ပုဂံ အစရှိတဲ့ မြန်မာနိုင်ငံ နေရာဒေသ အနှံကို OUT DOOR ထွက်ရေးကြတာပေါ့။ အဲ့ဒီလို သွားလာရေးဆွဲတော့မှ ကိုယ့်မြေ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွင်းက တိုင်းရင်းသာ လူမျိုးတွေရဲ့ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို သိမြင်ခွင့်၊ လေ့လာခွင့်ရတာတွေကို ကိုယ်တစ်ယောက်တည်း ခံစားတာ မဟုတ်ပဲ ပြည်သူတွေပါ မိမိကဲ့သို့ ခံစားလာရအောင် ပြပွဲတွေ လုပ်ပြီး ပြသကြတာပေါ့ဗျာ။
   "နေပါဦးဗျ။ အဲ့ဒီလို သွားရေးတော့ အခက်အခဲတွေ မရှိဘူးလား"
    "ရှိတာပေါ့ဗျာ။ နယ်တွေမှာဆို မျောက်ပွဲကြည့်သလို ပန်းချီဆရာကို ဝိုင်းအုံကြည့်နေကြတာ။ အထူးအဆန်းပဲပေါ့။ မမြင်ဖူး မတွေ့ဖူးတော့လဲ အထူးအဆန်းဖြစ်ကြတာပေါ့။ တချို့ဆို သူတို့ထင်သလို သူတို့မြင်သလို ပြောသွားလိုက်ကြတာ ကိုယ်ဆို ရစရာတောင် မရှိဘူး"
   "ဟုတ်လား. .  ဘာတွေပြောသွားကြလို့တုန်း"
   "မှတ်မှတ်ရရ. . . ၁၉၉၆ခုနှစ် ဇွန်လတုန်းကပေါ့ဗျာ။ တောမှာတော့ မဟုတ်ဘူး။ မြို့ပေါ်မှာပေါ့။ မန္တလေးကျုံးနဲ့ မန္တလေးတောင်ကို ကျုံးအရှေ့ဘက်ဒေါင့်ကနေ မြင်ရတဲ့ ရှုခင်းကို ကျွန်တော့်တပည့်တွေနဲ့ ရေးနေတာ။ ရေးနေတုန်း DTဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက် အနားလာရပ်တယ်။ နောက်ကလူငယ်က ဆင်းပြီး ပန်းချီရေးနေတာ လာကြည့်တယ်။ ခဏကြာတော့ ရှေ့က ဆိုင်ကယ်မောင်းတဲ့ လူငယ်က "ဟေ့ကောင်၊ သွားရအောင် လာကွာ" လို့ ခေါ်တယ်။ ကြည့်နေတဲ့လူငယ်က "နေပါဦးကွာ၊ ခဏလေးပါ။ ငါပြီးအောင်ကြည့်ချင်လို့ပါ" တဲ့။ ဒီတော့ သွားဖို့ခေါ်နေတဲ့ လူငယ်က ဆိုင်ကယ်ကို ဒေါက်မထောက်ဘဲ ရပ်ထားပြီး ဆိုင်ကယ်ပေါ်ကနေ "မင်းကလဲကွာ၊ အလုပ်မရှိတဲ့လူတွေ လုပ်နေတာကို ဘာဖြစ်လို့ ကြည့်နေမှာတုန်း" တဲ့ဗျာ။ ကဲ. . ပြီးရော။ ပန်းချီဆရာ ပန်းချီရေးတာ အလုပ်မဟုတ်ဘူးတဲ့ဗျာ။ ကျွန်တော့်ဘဝမှာ မှတ်သားမိတာလေးပါ။ စိတ်ကသိကအောင့်နိုင်တာလေးပါ။ ဒါက အနိမ့်ဆုံးတွေ့ရတဲ့ အခက်အခဲတစ်ခုပါပဲဗျာ။ ကိုယ်လိုပဲ တခြားလူတွေလဲ တွေ့ရတာပါပဲ။ ရယ်စရာ မောစရာလေးတွေပေါ့ဗျာ။ ဆရာကြီး ဦးထွန်းညွန့်နဲ့အတူ အောက်ဒိုးထွက်တုန်းက အတွေ့အကြုံကလဲ မှတ်မှတ်သားသား ရှိလိုက်တဲ့ အတွေ့အကြုံပါပဲ။

Posted by: ခင်မောင်စန်း(မန္တလေး)

ပန်းချီအနုပညာ Application Version 2.1.2 for Andriod






Version 2.1.2 မှာ ခေါင်းစဉ်တွေထပ်တိုးပေးထားပါတယ်ခင်ဗျာ။
နောက်ထပ်ထုတ်မယ့် Version Update ကျရင်တော့ English နာမည်ပြောင်းဖို့စဉ်းစားထားပါတယ်ခင်ဗျာ။

ပါဝင်တဲ့ခေါင်းစဉ်တွေကတော့

ပန်းချီ၊ ပန်းပု အနုပညာသတင်းများ
------------------------------------
သုခုမ ပန်းချီ၊ ပန်းပု အနုပညာရပ်ဝန်း
Van Gogh: The Life   
ARToART
Carlos Fuentes Diaz - The Portal of Art, Art History Universal
Mehmet Bingöl' s Art Page
Art & Painting
Kingdom of painting
Cupola Contemporary Art
Painting artist

Art Magazine
---------------
American Art Collector Magazine
Art Ltd Magazine
Art Magazine
Southwest Art Magazine


Gallery များ
-------------
Thiri Art Gallery
MIN THAR GYI Art Gallery
Suvannabhumi Art Gallery
Royal HanTha Arts Gallery
National Gallery
Pastel Painting - Mia Feigelson's FB Gallery
Saatchi Gallery
Tate Art Gallery · Museum
McKenna Gallery
Art People Gallery
Tattoo Art Gallery


Artists
-------
Kyaw Thaung
Kyeesoe Artist
WPM'48
Kyi Wynn
Min Lwin
Tun Win Aung & Wah Nu
MOE NYO
Aung Si Thu Hlaing
Mya Khet
Nay Zaw
Khaing Thazin Htet
Htoo Lwin Aye
Thoe Htein
AUNG LIN TUN

                               
Playstore Link

https://play.google.com/store/apps/details?id=com.saimgmg.visualart


Dropbox Link

https://www.dropbox.com/s/vydezcyh5adpx9e/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%AE%E1%80%A1%E1%82%8F%E1%80%AF%E1%80%95%E1%80%8A%E1%80%AC.apk

အားလုံးကို ကျေးဇူးအထူးပါ။

Posted by: စိုင်းမောင်မောင်

Tuesday, May 6, 2014

ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ ပန်းချီဆရာနှင့်အမြင် (၂)




ယခင်နေ့မှအဆက်
အဲဒါကြောင့် ကလေးတွေပန်းချီရေးချင်ရင်ကနော်ဘယ်တော့မှမပတ်ပင်ဖြစ်ပါဘူး-ဘာလုပ်ချင်သလဲတတ်နှိုင်တာဖြည့်ဆည်းပေးလိုက်တယ်-ဒီအခါမှာ သူတို့ကိုဒါလုပ်-ဒါလုပ်လို့ဂိုက်လိုင်းမပေးသင့်ဘူး-:)ဂိုက်လိုင်းပေးလိုက်ရင်သူတို့အမြင် သူတို့အသိတွေဟာဂိုက်လိုင်းပေးမှုအောက်မှာပျောက်သွားတတ်ပါတယ်- အဲလိုပျောက်မသွားအောင်ကျနော်တို့ကသူတို့ကိုဂိုက်လိုင်းမပေးဘဲနဲ့-ပံ့ပိုးပေးတဲ့အနေအထားနဲ့ရေးခိုင်းလိုက်ရတယ် -နောက်ထပ်သူရေးထားတာတွေရှိပါသေးတယ်-သမီးရောက်ဖူးတဲ့နေရာကိုမှတ်မိသလောက်ရေးဆိုတော့-သမီးပြင်ဦးလွင်ရောက်ဖူးတယ်ဆိုပြီးဒီကားလေးကိုရေးပါတယ် -အဲဒါဘာလဲဆိုတော့ဒီမဲမဲတွေကငန်း ဒီအပြာကရေ-ဒါမြက်ခင်းစိမ်းစိမ်းကြီးတွေတဲ့-သူရောက်ခဲ့တဲ့နေရာမှာသူသိတာကို -သူမြင်တတ်သလိုရေးပြထာတာ -ဒါကိုကျနော်တို့ကငန်းနဲ့လဲမတူဘူး ရေနဲ့လဲမတူဘူးသွားပြောလို့မဖြစ်ပါဘူး-သူတို့အရွယ်-သူတို့အသိ-သူတို့အမြင်နဲ့သူတို့ရရှိနေတာကိုကသူတို့အတွက်အနုပညာပါဘဲ-ကလေးတယောက်ရေးတာဟာ-ကလေးတယောက်အတွေး-ကလေးတယောက်အမြင်နဲ့ တကဲ့ရှိနေတာနဲ့ကိုက်ညီချင်မှကိုက်ညီမယ်-သို့သော် မကိုက်ညီပေမဲ့လည်းကလေးတယောက်မှာလဲအနုပညာနဲ့ပတ်သက်တဲ့ခံစားမှုတခုရှိနေတယ်-သိနေတယ်ဆိုတာကိုတော့ကျနော်တို့လက္ခံရမှာပါ--
ဒါနဲ့ပတ်သက်ပြိးကမ္ဘာကျော်ပန်းချီဆရာကြီး-ပီကာဆိုကပြောထားတာရှိပါတယ်-ကျနော်အသက် ၉ နှစ်အရွယ်မှာတော့ REFEAL လောက်နီးနီးရေးတတ်နေပါပြီ-အသက် ၆၀ အရွယ်ရောက်ရင်တော့ ၉ နှစ်အရွယ်ကလေးတယောက်လိုရေးနှိုင်ဘို့အတွက်အများကြီးကျိုးစားရပါလိမ့်မယ်-ဘာဖြစ်လို့လဲဆိုတော့ -ကလေးတယောက်ရဲ့လွတ်လပ်မှု-ကလေးတယောက်ရဲ့သန့်ရှင်းမှု-ကလေးတယောက်ရဲ့စိတ်ကြည်လင်မှုမျိုးအသက်ကြီးလာတဲ့အခါမှာမရနှိုင်တော့ကလေးတယောက်လိုရေးဆွဲနှိုင်မှုမျိုးမရေးဆွဲနှိုင်တော့ပါဘူး လို့ဒီလိုပြောပါတယ်-
ပီကာဆိုကသူအောင်မြင်ကျော်ကြားလာတဲ့အခါမှာ -လူတွေကပီကာဆိုဘာတွေရေးတာလဲ -ပီကာဆိုဘာ့ကြောင့်အောင်မြင်တာလဲ-သူ့ပန်းချီကားတွေကဘာတွေလဲ-သိချင်ကြတယ်-နားလည်ချင်ကြတယ်-အဲဒီအခါမှာပီကာဆို ဘာပြန်ပြောသလဲဆိုတော့ -လူတွေကကျနော်ရေးတဲ့ပန်းချီကားတွေကိုကြနားလည်ချင်ကြတယ်--ငှက်ကလေးတွေသီချင်းဆိုတာကိုကြတော့ဘာဖြစ်လို့များနားလည်အောင်မကျိုးစားချင်ကြတာပါလဲလို့ပြောခဲ့ဘူးပါတယ်--
ကျနော်တို့တတွေကတခါတရံသာယာတဲ့အသံကိုကြားတယ်--ဒီအသံဘာ့ကြောင့်သာယာတာပါလိမ့်လို့ဘယ်နှစ်ခါများတွေးခဲ့ဘူးပါသလဲ-? အလှတရားကိုတွေ့ရှိခံစားရတဲ့အခါ ဒါလေးဟာလှလိုက်တာ-ဘာကြောင့်များလှနေတာလဲဆိုတာဘယ်နှစ်ခါများစဉ်းစားဆင်ခြင်ဖူးပါသလဲ-?
ပန်းချီဆရာဖြစ်လာပြီ-ပန်းချီကိုစိတ်ဝင်စားလာပြီ-ပန်းချီနဲ့ပတ်သက်ပြီးလုပ်ချင်ကိုင်ချင်လာပြီဆိုတဲ့အခါ-ကျနော်တို့အမြင်ကိုအလေ့အကျင့်တွေလုပပေးရပါတယ်-အမြင်အလေ့အကျင့်တွေရလာပြီဆိုတဲ့အခါမှ အလုပ် လုပ်တဲ့အခါ-အဲဒီအမြင်တွေနဲ့ပေါင်းစပ်ပြီးပန်းချီ
ကားတခုရေးဖွဲ့နှိုင်တဲ့အနေအထားတခုကိုရ
လာအောင်ကျိုးစားရပါတယ်-ဒီအခါကြမှ
ပန်းချီဆရာဟာ ကိုယ့်အမြင်ကိုယ့်အသိကိုသူများနားလည်နှိုင်အောင်ရေးဖွဲ့နှိုင်
တဲ့သူတယောက်ဖြစ်လာပါမယ်-
ဒီတော့ကျနော် နောက်ဆုံးအနေနဲ့ပြောချင်တာက -ကျနော့်မြေးရဲ့ဒီပန်းချီကား
လေးပါ-ဒါဘာကိုရေးတာလဲဆိုတော့- ဖိုးဖို
ကလဲဒါ နေ့ကိုရေးတာလေတဲ့ -သူညကိုရေးထားတာလဲရှိပါတယ်-ညကိုရေးတော့လဲဒီအရောင်ပါဘဲ-ဒါညမှမဟုတ်ဘဲ
ဆိုတော့-ဒီမှာကြယ်တွေပါတယ်လေ-ကြယ်ကညကြမှထွက်တာ အဲဒါညပေါ့လို့ပြောပါတယ်-သူဒီလိုပြောလိုက်မှ ကျနော်တို့က သူ့ခံစားမှု သူ့အတွေးကို -အော် -ဒီ
လိုပါလားလို့နားလည်ပြီးသူ့အမြင်ကိုရိုက်ခတ်ခံစားလို့ရပါတယ်--
ဒီလိုပါဘဲ-ဒီမှာရေးထားတဲ့ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေဟာ---တစုံတခုသောအတိုင်းအတာအထိ ကြည့်တဲ့မြင်တဲ့သူက---ဒီဟာကိုတော့ဒီလိုအမြင်တွေနဲ့
ဒီလိုဖန်တီးပြီး ဒီလိုရေးဆွဲရင်ရတာပါလားဆိုတဲ့ အသိမျိုး -အတွေးမျိုး-
အမြင်မျိုးရစေချင်ပါတယ်-အဲဒီလိုရစေချင်တာ ကြောင့်ဘဲ -အခုလိုဒီဆွေးနွေးပွဲလေးမှာ-ပန်းချီဆရာနဲ့အမြင်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ လာရောက်တင်ပြဆွေးနွေးပေးတာဖြစ်ပါတယ်- အားလုံးကိုကျေးဇူးတင်ပါတယ် - ဒါနဲ့ပတ်သက်ပြီးသိချင်တာရှိလဲမေးလို့ရပါတယ် -ဆွေးနွေးချင်တာများရှိရင်လဲတင်ပြဆွေးနွေးလို့ရပါတယ်-ကျနော်ဖြေနှိုင်တာကိုဖြေပေးသွားပါမယ်---

Posted by: ခင်နန်းဆန် ( 6-5-2014 )

-အမေးများဖြေကြားခြင်းအားဆက်၍တင်
ပေးပါမည် • • • • • • •

ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ ပန်းချီဆရာနှင့်အမြင် (၁)


ရာပြည့်စာအုပ်တိုက်-တနင်္ဂနွေနေ့ ( 14-5-2014 )
ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင်ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ `ပန်းချီဆရာနှင့်အမြင် ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုတွင်တင်ပြဆွေးနွေးခဲ့သည်များထဲမှနားမထောင် လိုက်ရသော တပည့်များ၊ မိတ်ဆွေများအတွက် ခင်နန်းဆန် တွေးမှီသလောက်အား- အပိုင်း ၁ အဖြစ်တင်ပြပေးလိုက်ပါသည်။
အမြင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျနော်ပြောချင်တဲ့အတွက်သက်သက်ကူးထားတဲ့ပန်းချီကားနှစ်ကားပါ ( ရှေ့ပိုင်းတွင်အလားတူကျုံးပုံကိုရေးဆွဲထားသော
၁-R-Talbot Keiiy ၂-ဦးဘသက် ၃-ဆရာဆောင် ၄-ဦးကျော်လေး ၅-ဦးတင်အေး ၆-ဦးအောင်ခင် ၇-ဦးကံညွန့် ၈-ဦးခင်မောင်သန်း ၉-ဦးဇော်ဝင်း ၁၀-ဦးဝင်းဖေ ၁၁-ဦးမာလာ ၁၂-ဦးတင်ဌေးအောင် ၁၃-ဦးခင်မောင်စန်း တို့၏ကျုံးကိုအမြင်မတူစွာရေးဆွဲထားသောပန်းချီကားဓာတ်ပုံများကိုလဲချိတ်ဆွဲရှင်းပြခဲ့ပါသည်။)




ဒီနေရာကိုဘဲကျနော်ကရေးထားတယ် -ဒီနေရာကိုဘဲဆရာကြီးဦးဝင်းဖေကရေးထားပါတယ်-
ဒီနေရာမှာအမြင်မတူရုံတင်မကဘဲအသိပါပြောင်းလဲသွားတဲ့သဘော-ဒီအထဲမှာအတွေးပါပြောင်းလဲသွားတဲ့သဘောတွေပါ ပါတယ် -နောက်ပြီးအမြင်အတွေးတင်မကဘဲဖန်တီးမှုပါ ပါဝင်တယ်-သဘောတရားတွေပါဝင်တယ်-ဒီလိုယှဉ်ကြည့်လိုက်ရင်ပိုပြီးသိသာပါတယ်-ကျနော်ရေးထားခြင်းသည် Natureမှာရှိတဲ့-သဘာဝတရားမှာရှိတဲ့အနေအထားအတိုင်း-သဘာဝတရားမှာရှိတဲ့အနေအထားအတိုင်း-သဘာဝနဲ့နနီးစပ်ဆုံးရအောင်ရေးခဲ့ပါတယ်-ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့တွေကျောင်းမှာစပြီးပန်းချီပညာကိုသင်လာခဖဲ့တာက Academic way နည်းပညာနဲ့ပန်းချီကိုသင်ကြားရတာဖြစ်တဲ့အတွက်ကျနော်တို့natureမှာသွားပြီးကြည့်တဲ့အခါမှာacademic way မျက်လုံးတွေနဲ့ကြည့်တတ်ပါတယ်-အဲဒီလိုကြည့်တတ်ပြီး အဲဒီမျက်လုံးတွေနဲ့ဘဲRepresentation ပြန်လုပ်တဲ့အခါမှာ ကျနော်တို့ပုံတွေဟာရိုးရိုးကြီးဖြစ်နေတတ်တာပါဘဲ--
ဒီနေရာမှာတော့ဆရာကြီးဦးဝင်းဖေကဒီကျုံးကိုဒီနေရာကိုဘဲသူရေးတယ်-ကျနော်နဲ့သူရေးတဲ့နေရာချင်းတူတယ်-သို့သော်အမြင်မတူပါဘူး-ကျနော်ဒီနေရာကိုရေးတာကအဲဒီနေရာမှာသွားရေးတယ်-ဆရာကအဲဒီနေရာမှာသွားထိုင်ရေးတာမဟုတ်ဘဲ indoor မှာcreationလုပ်ပြီးရေးထားတာဖြစ်တယ်-indoorမှာ creat လုပ်ပြီးရေးတာဖြစ်တဲ့အတွက်ဆရာဦးဝင်းဖေ ကျုံးကိုရေးတယ်ကျုံးမှာရှိနေတဲ့သူရဲခိုတွေထဲ့ပြီးရေးမထားဘူး-ဒါပေမဲ့ကျုံးရဲ့image တွေကိုတော့ရေးပါတယ် -သရဲခိုတွေထည့်မထားတာအပြင်ဆရာကြီးကဖြိုဖျက်ပြီးတော့တောင်ရေးထာပါသေးတယ်-ပဲ့နေတဲ့ကျုံးကိုရေးထားတယ်-ဒါဘာဖြစ်လို့ကျုံးအပဲ့ကိုရေးတာလဲ-ကျနော်တို့ကကျုံးကိုမျက်စေ့နဲ့ကြည့်တဲ့အခါမှာပန်းချီဆွဲတဲ့လူကသူကိုယ်တိုင်ပန်ူချီဆရာဖြစ်တဲ့အတွက်မျဉ်းလဲတွေနဲ့ချည်းရေးထားရတာငြီးငွေ့ပြီးအီမသွားအောင်အခုလိုဖြိုလဲပစ်လိုက်ခြင်းဖြစ်တယ်လို့ကျနော်တော့ဒီလိုဘဲခံစားရပါတယ်-အဲဒီတော့ဒီလိုမျိုးချိုးလိုက်ခြင်းအားဖြင့်ဘာအပြစ်ရှိသွားလဲ-? nature နဲ့တော့မတူတော့ဘူး-တကယ်တော့ nature မှာကအဲဒီကျုံးကြီးပဲ့နေတာမှမဟုတ်ဘဲ-ကျုံးပဲ့နေတာကိုရေးထားလို့ရှေးဟောင်းသုတေသနဌာနကလာပြီးပြောချင်ပြောမယ်ပေါ့-သူတို့ကျုံးကြီးပဲ့မနေပါဘူးလို့-တကယ်တန်း တခါတလေကျနော်တို့ရေးထားတာတွေလဲကျုံးကြီးကလှပနေတာဘဲ သပ်ရပ်နေတာဘဲ သန့ရှင်းနေတာဘဲ-အမှန်ဆိုရင်စည်ပင်သာယာက အဲလောက်သန့်ရှင်းသပ်ရပ်နေအောင်လုပ်နှိုင်တာမှမဟုတ်ဘဲ ကျုံထဲမှာအမှိုက်သရိုက်တွေနဲ့ညစ်ပတ်ချင်လဲညစ်ပတ်နေမှာဘဲ-ကျုံးဘေးမှာသစ်ရွက်ကြွေတွေပုံချင်လဲပုံနေမှာဘဲ-ကျနော်တို့ကရေးတဲ့အခါမှာမလိုအပ်တာတွေ ပန်းချီဆရာကအမြင်ထဲကနေပြီးတော့ဖယ်ထုတ်-လိုအပ်တဲ့ဟာတွေကိုထပ်ဖြေ့ရေး -အဲလိုထပ်ဖြည့်တယ် -ဖြုတ်ရေးတယ်ဆိုတဲ့အခါ ရေးသူပန်းချီဆရာ ရဲ့သူ့အမြင်သူ့အတွေး သူ့အသိ သူ့ပညာတွေကိုထဲ့သုံးရပါတယ်-စောစောတုံးကပြောခဲ့သလိုဘဲသူလေ့လာခဲ့တဲ့သူ့ရဲ့ Knowledge-သူရဲ့ပညာ education-သူ့ရဲ့ပတ်ဝန်းကျင် surrounding-သူ့ရဲ့genes and generation မျိုးရိုးဗီဇ ဒါတွေပါ ပါတယ်-
ပန်းချီဆရာကသူ့ပြောင်းလဲချင်တာကိုပြောင်းလဲချင်တဲ့စိတ် ပြောင်းလဲရဲတဲ့သတ္တိရှိဘို့လိုအပ်ပါတယ်-အဲဒီတော့ကျနော်ပြောချင်တဲ့အမြင်ဆိုတဲ့ကိစ္စမှာအသက်ကြီးတာတို့အသက်ငယ်တာတို့အတတ်ပညာတို့နဲ့ဘာမှမဆိုင်ပါဘူး -ဘာလိုလဲဆိုတော့အမြင်ဟာလူတိုင်းမှာရှိတယ်-
ကိုယ်ရှိတဲ့အမြင်ကိုကိုယ်တင်ပြတဲ့အခါမှာကိုယ်ဟာအတတ်ပညာအရနုံနဲ့ကောင်းနုံနဲ့ပါလိမ့်မယ်-အမြင်အရရှိတယ်-ဒါကို ဥပမာပြချင်တာကြောင့်ကျနော်ဒီကားလေးတွေယူလာခဲ့တာပါ-ဒါကျနော့်မြေးရေးထားတာတွေပါ-သူကခြောက်နှစ်ဘဲရှိပါသေးတယ်-ကျနော်ပန်းချီရေးတဲ့အခါအမြဲတန်းအနားမှာလာနေတတ်ပါတယ်-ကျနော်ပန်းချီရေးတာကိုမရှုပ်အောင်သူ့ကိုကျနော်က စာရွက် စုတ်တံ ဆေးချပေးထားလိုက်တယ်-ကဲ ရော့ မီးမီးဖွေးဖွေးပန်းချီရေးဆိုတော့ သူက သမီးဘာရေးရမှာလဲ ဒီမှာဖိုးဖိုးဘာရေးနေတာလဲကြည့် ဖိုးဖိုးကျုံးရေးနေလား သမီးကျုံးကိုရောက်ဖူးလား သိလားမေးတော့ သမီးသိတယ်သမီးရောက်ဖူးတယ်-အေး ဒါဆိုသမီးလဲကျုံးရေးပေါ့ ဆိုတော့သူကျုံးကိုရေးပါတယ်-
သူရဲခိုတွေရော ပြဿဒ်တွေရောသူရေးတယ်-ဖြောင့်ခြင်း မဖြောင့်ခြင်း မသိဘူး ဖြောင့်အောင်လဲသူမကြိုးစားဘူး-သူရေးခြင်သလိုရေးတဲ့အခါမှာကျုံးရဲ့အာရုံအရကျုံးဘေးမှာသူမြင်သမျှသစ်ပင်တွေလဲပါတယ် -သူမြင်သလိုသူရေးတာ -ကျနော်ပြောချင်တာက ဒီအမြင်အ ရအတတ်ပညာကိုသင်ပေးလိုက်ရင်သူတို့မှာဒီဟာနဲ့ပတ်သက်ပြီးတော့ပွင့်လင်းလာမဲ့အနုပညာပိုးတွေရှိလာပါလိမ့်မယ်-အဲဒါကြောင့် ကလေတွေပန်းချီရေးချင်ရင်ကျနော်ဘယ်တော့မှမပိတ်ပင်ဖြစ်ပါဘူး-ဘာလုပ်ချင်သလဲတတ်နှုင်တာဖြည့်ဆည်းပေးလိုက်တယ်-ဒီအခါမှာ--

-ဆက်လက်တင်ပါဦးမည်--
 
Posted by: ခင်နန်းဆန်

Monday, May 5, 2014

ရာပြည့်စာအုပ်တိုက် တနင်္ဂနွေနေ့ ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲ



4.5.2014 ရက်နေ့ (တနင်္ဂနွေနေ့) 
ရာပြည့်စာအုပ်တိုက် မှာ ပြုလုပ်ကျင်းပတဲ့ တနင်္ဂနွေနေ့ ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင်
ပန်းချီဆရာများ၊ စာနယ်ဇင်းများ စုံလင်စွာတက်ရောက်ကြပါတယ်။
ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင် 

ပန်းချီဆရာကြီး ဦခင်မောင်စန်း ၏ 
ပန်းချီဆရာနှင့်သူ့အမြင် ခေါင်းစဉ်ဖြင့်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

Posted by: စိုင်းမောင်မောင်
Photo: ခင်နန်းဆန်

Sunday, May 4, 2014

ပန်းချီအနုပညာVersion 2.0 for Andriod






ပန်းချီအနုပညာ Application ကို Version 2.0 ထပ်ထုတ်လိုက်ပါပြီ။
ပါဝင်တဲ့အအကြောင်းအရာတွေကတော့

    ပန်းချီ၊ ပန်းပု အနုပညာသတင်းများ
             - သုခုမ ပန်းချီ၊ ပန်းပု အနုပညာရပ်ဝန်း
             - Van Gogh: The Life
             - ARToART
             - Art & Painting
             - Kingdom of painting
             - Painting artist

    Art Magazine    
             - American Art Collector Magazine
             - Art Magazine
             - Art Ltd Magazine
             - Southwest Art Magazine

    Gallery များ
             -  National Gallery
             -  Tate Art Gallery · Museum
             -  Art People Gallery
             -  Tattoo Art Gallery
             -  Nay Zaw Art Gallery
             -  Khaing Thazin Htet's art gallery

 Download Link 1

https://play.google.com/store/apps/details?id=com.saimgmg.visualart

Download Link 2
http://www.mediafire.com/download/m767b6ribarhddb/ပန်းချီအနုပညာ.apk

Download Link 3
https://www.dropbox.com/s/vydezcyh5adpx9e/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%AE%E1%80%A1%E1%82%8F%E1%80%AF%E1%80%95%E1%80%8A%E1%80%AC.apk